ပန်းတနော်မြို့နယ်တွင် အ.လ.က ကျောင်းမီးရှို့ဖျက်ဆီးခံရ

0
319

ပန်းတနော်မြို့နယ်တွင် အ.လ.က ကျောင်းမီးရှို့ဖျက်ဆီးခံရ

ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၊လက်ပန်ကုန်းကျေးရွာရှိ အ.လ.က ကျောင်းအား လက်နက်ကိုင်အဖွဲ့ဝင်များက ဇူလိုင် ၂၇ ရက်နံနက် ၉ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင်အဖွဲ့ဝင်များက လက်ပန်ကုန်းကျေး ရွာရှိ အ.လ.က ကျောင်းအားမီးရှို့ခဲ့သဖြင့် မီး လောင်မှုဖြစ်ပွားရာ လုံခြုံရေးအဖွဲ့ဝင်များ၊မီး သတ်တပ်ဖွဲ့ဝင်များနှင့်ကျေးရွာနေသူများက ဝိုင်း ဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်မှုကြောင့် နံနက် ၉ နာရီ ၃၅ မိနစ် ၌မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းရုံးခန်းနှင့်စာကြည့်တိုက်တွဲလျက်အဆောက်အဦးအတွင်းရှိ စာရွက်စာတမ်းများ၊ပြဌာန်းစာအုပ်များ ၊သံဗီရို ၁ လုံး သစ်သား ဗီရို ၂ လုံး၊ဆုံလည်ကု လားထိုင် ၁ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here