ကလောမြို့နယ်တွင် ဆီဘောက်ဆာကားတိမ်းမှောက်၍ ကားမောင်းသူဒဏ်ရာရ

0
238

ကလောမြို့နယ်တွင် ဆီဘောက်ဆာကားတိမ်းမှောက်၍ ကားမောင်းသူဒဏ်ရာရ

ရှမ်းပြည်နယ်၊ကလောမြို့နယ်၊ပြည်ထောင်စုလမ်းမကြီးတွင် ဇူလိုင် ၂၉ ရက်(ယနေ့)နံနက်ပိုင်းက ဆီဘောက်ဆာကားအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ်-၇၇/၀ နှင့် ၇၇/၁ ကြားတွင် IVECO (အဖြူရောင်)ဆီဘောက်ဆာကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိမ်းမှောက်မှုဖြစ်စဥ်အား ကလောမြို့နယ်မီးသတ်စခန်းမှမီးငြှိမ်းသတ်ကား ၁ စီး၊ အောင်ပန်းနယ်မြေမီးသတ်စခန်းမှရေသယ်ကား ၁ စီးတို့ဖြင့် မီးလောင်မှုမဖြစ်စေရန် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဖြစ်စဥ်မှ ကားမောင်းသူအမျိုးသားမှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အောင်ပန်းနာရေးကူညီမှုအသင်းကားဖြင့် အောင်ပန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here