တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်လျင် ဆုငွေပေးမည်ဟုဆိုကာ ဖုန်းနံပါတ်များထုတ်ပြန်

0
458

တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်လျင် ဆုငွေပေးမည်ဟုဆိုကာ ဖုန်းနံပါတ်များထုတ်ပြန်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် တရားမဝင်ကုန်သွယ်မှု တားဆီးနိုင်ရေးနှင့် ဖမ်းဆီးနိုင်ရေးတို့အတွက် ဆက်သွယ်သတင်းပေးပါက ဆုငွေပေးမည်ဟုဆိုကာ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊တရားမဝင်ဆေးဝါးများနှင့်အခွန်ပေးဆောင်ထားခြင်းမရှိသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများအား ကုန် သွယ်ရေးစခန်းများ၊စစ်ဆေးရေးစခန်းများနှင့်တိုင်းနှင့်ပြည်နယ်အလိုက် တရားမဝင် ကုန် သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များမှ တားဆီး/ဖမ်း ဆီးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် တရားမဝင်ကုန်သွယ်မှုလုပ် ငန်းများ တားဆီးထိန်းချုပ်နိုင်ရေးလုပ်ငန်းများ၌ ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပါက ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်သူများပူးပေါင်းပါဝင်မှုများလာစေရန် တရားမဝင် တင်သွင်း/တင်ပို့မှုများနှင့် ပတ်သက်၍ တားဆီး/ဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း(သို့)လေလံတင် ရောင်းချခြင်းမှရရှိငွေ၏ ၃၀ ရာခိုင်နှုန်းအား ဖမ်းဆီးသူများ၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများအတွက် ဆုငွေများချီးမြှင့်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆုငွေများချီးမြှင့်ပေးလျက်ရှိသဖြင့် တရား မဝင် တင်သွင်း/တင်ပို့မှုများ တွေ့ရှိပါက တင်သွင်း/တင်ပို့ ပစ္စည်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်တိတိကျကျအား တိုင်းနှင့်ပြည် နယ်အသီးသီးရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များထံသတင်းပေးတိုင် ကြားနိုင်ကြောင်း သိရသည်။

ယင်းသို့ သတင်းပေးပို့သူ၏ အချက်အလက်များအား လျှို့ဝှက်စွာထိန်းသိမ်းထားရှိသွားမည်ဖြစ်ကာ ရရှိမည့်ဆုငွေများအား လျှို့ဝှက်စွာဆက်သွယ်အကြောင်းကြား၍ ထုတ်ပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here