ဖိလစ်ပိုင်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားနေသူတစ်ဦး ပထမဆုံးတွေ့ရှိ၊ ထိတွေ့သူ ၁၀ ဦးကို ကွာရန်တင်း၀င်ခိုင်းထား

0
188

ဖိလစ်ပိုင်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားနေသူတစ်ဦး ပထမဆုံးတွေ့ရှိ၊ ထိတွေ့သူ ၁၀ ဦးကို ကွာရန်တင်း၀င်ခိုင်းထား

ဖိလစ်ပိုင်နိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ခံနေရသူတစ်ဦးကို ပထမဆုံး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေး၀န်ကြီးဌာန တာ၀န်ရှိသူတစ်ဦးက ယနေ့ ဇူလိုင် ၂၉ ရက်တွင်ပြောသည်။

ထိုသူသည် ယခုလအစောပိုင်းက နိုင်ငံခြားမှပြန်ရောက်လာသူဖြစ်သည်။ သို့ရာတွင် မျောက်ကျောက်ရောဂါဖြစ်ပွားနေကြောင်း မှတ်တမ်းရှိသည့်နိုင်ငံများသို ခရီးထွက်ခဲ့ခြင်း ဟုတ်/မဟုတ်ဆိုသည်ကိုမူ အသေးစိပ်မသိရချေ။

အဆိုပါ မျောက်ကျောက်ရောဂါကူးစက်ခံထားရသူ အသက် ၃၁ နှစ်အရွယ်အမျိုးသားသည် ကျန်းမာရေးကောင်းမွန်လာပြီဖြစ်သော်လည်း အိမ်တွင် သီးသန့်နေထိုင်စေပြီး၊ သူ၏ အိမ်ထောင်စု၀င် ၃ ဦးအပါအ၀င် ထိတွေ့ခဲ့သူ စုစုပေါင်း ၁၀ ဦးကိုလည်း ကွာရန်တင်း၀င်ခိုင်းထားကြောင်း ကျန်းမာရေး၀န်ကြီးဌာန လက်ထောက်အတွင်း၀န် ဘီဗာလီဟိုကပြောသည်။

Ref: Philippines reports first monkeypox case, traces 10 close contacts


LEAVE A REPLY

Please enter your comment!
Please enter your name here