ဂူတွင်းအဓိဌာန်ပြည့်၍ ပြန်လည်ထွက်ခွာလာမည့် မိုင်းဖုန်းဆရာတော်ကြီးအားကြိုဆိုသည့်အနေဖြင့် ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်မည်

0
296

ဂူတွင်းအဓိဌာန်ပြည့်၍ ပြန်လည်ထွက်ခွာလာမည့် မိုင်းဖုန်းဆရာတော်ကြီးအားကြိုဆိုသည့်အနေဖြင့် ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်မည်

ရှမ်းပြည်နယ်၊မိုင်းဆတ်မြို့နယ်၊မိုင်းကျတ်ဂူအ တွင်း၌ ၃ နှစ်၊ ၃ လ၊ ၃ ရက်တိတိ ဂူတွင်းအဓိဌာန်ဝင်နေရာမှ ပြန်လည်ထွက်ခွာလာမည့်နေ့တွင် မိုင်းဖုန်းဆရာတော်ကြီးအား ကြိုဆိုသည့်အနေဖြင့် ဇူလိုင် ၃၁ ရက်နံနက်ပိုင်းနှင့်ညပိုင်းတို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွတ်ဖတ်ပူဇော်ပွဲအား ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ရှိ ဓမ္မာရုံ၌ နံနက် ၈ နာရီခွဲမှနံနက် ၁၀ နာရီခွဲအထိ ညနေ ၅ နာရီမှည ၇ နာရီအထိ နှစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် မိုင်းဖုန်းဆရာတော်ကြီး၏ ဝတ်ရွတ်စဉ်အတိုင်း စုပေါင်း၍ကုသိုလ်ပါဝင် ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။

စုပေါင်းဝတ်ရွတ်ပူဇော်ပွဲ၌ ပါဝင်ရွတ်ဖတ်သူများအား အစားအသောက်များကျွေးမွေးရန် အလှူငွေနှင့်လှူဖွယ်ပစ္စည်းများလည်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here