တိုင်းပြည်၏ စီးပွားရေး ပြန်လည် ဦးမော့လာရန် ကြိုး စားနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
219

တိုင်းပြည်၏ စီးပွားရေး ပြန်လည် ဦးမော့လာရန် ကြိုး စားနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

တိုင်းပြည်၏ စီးပွားရေး ပြန်လည် ဦးမော့လာစေရန် ကြိုး စားလုပ်ဆောင်နေကြောင်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဇူလိုင်လ (၂၉) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

” နိုင်ငံစီးပွားရေးပြန်လည် ဦးမော့လာစေရေး မိမိတို့အစိုး ရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ တိုင်းပြည် ရဲ့ အားဟာ ပြည်တွင်းမှာပဲရှိပါတယ်။ ဒါ့ကြောင့် ပြည် တွင်းစီးပွားရေးကို အဓိက အားပေးရန်လိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် တပ်မ တော်မှ နိုင်ငံတော်အာဏာကို ရယူခဲ့သည့် အချိန်မှ စတင်ကာ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ပြီး စီးပွား ရေးချွတ်ခြုံကျမှုများနှင့်ပါ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုမှာ ယခင်အ စိုးရ လက်ထက် ၂၀၁၈ ခုနှစ်ကပင် စတင်နေခြင်းဖြစ်ပြီး နစက လက်ထက်တွင် စီးပွားရေး ဖွံဖြိုးတိုးတက်ရန် ပြည် တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း နိုင်ငံတော် ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် တိုင်းပြည်၏ စီးပွားရေး ကျဆင်းနေမှုကို ကု စားနိုင်ရန် ငွေကျပ်ဘီလီယံ ၄၀၀ မတည်၍ဆောင်ရွက်နေပြီး ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများကို အောင်မြင်အောင် လုပ်ဆောင်မည့်အပြင် ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများကို ဒုတိယဦးစားပေးအနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

တပ်မတော်က အာဏာ ရယူထားသည်မှာ လာမည့် ဩ ဂုတ်လ (၁) ရက်တွင် (၁) နှစ်ခွဲပြည့်မည် ဖြစ်ပြီး အဆိုပါ ကာလအတွင်း တိုင်းပြည်၏ စီးပွားရေးမှာ သိသိသာသာ ကျဆင်းသွားကာ ပြည်သူအများစု အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း စစ်တမ်များက ဖော်ပြကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ၎င်းတို့ အစိုးရ တာဝန်ယူသည့် ကာလအတွင်း နိုင်ငံ၏ ဝင်ငွေ တိုးတက်လာကြောင်း ပြီးခဲ့သည့်လပိုင်းအတွင်းက ပြောကြားထား သော်လည်း လက်ရှိတွင် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမ တန်မြင့်တက်လာခြင်းတို့ကြောင့် ပြည်သူအများစုမှာ အ ခက်အခဲများနှင့် ရင်ဆိုင်နေရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here