မူဆယ်မြို့နှင့်ပြည်ကြီးတံခွန်မြို့နယ်တို့တွင်ငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများနှင့်ထိန်းချုပ်ဓာတုပစ္စည်းများဖမ်းမိ

0
275

မူဆယ်မြို့နှင့်ပြည်ကြီးတံခွန်မြို့နယ်တို့တွင်ငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများနှင့်ထိန်းချုပ်ဓာတုပစ္စည်းများဖမ်းမိ

ရှမ်းပြည်(မြောက်ပိုင်း)၊မူဆယ်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများကွင်းဆက်အရ မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဥ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ ဇူလိုင် ၂၅ ရက်နံနက် ၉ နာရီခွဲတွင် မူဆယ်မြို့၊စွမ်စော်ရပ်ကွက်၊မန့်ဝိန်းနယ်မြေရှိ ဂိုဒေါင်အားသတင်း အရ သွားရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ဂိုဒေါင်တာဝန်ခံ ကြည်ဇင်ထွန်းအား တရားမဝင်သိုလှောင်ထားသည့် ဓာတု ပ စ္စည်း(သီအိုဖီလင်းအမ်ဟိုက်ဒရိုက် ၁၄ ဒသမ ၅ တန်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ကြည်ဇင်ထွန်းအားစစ်ဆေးရာမှ ဖော် ထုတ်သိရှိချက်အရ မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၈ လမ်းနှင့် ၁၃၉ လမ်းကြား၊ ၅၁ လမ်းရှိ ဂိုဒေါင်အားရှာဖွေစစ်ဆေးခဲ့ကြသည်။

ဂိုဒေါင်မန်နေဂျာ ဝေလင်း(ခ)ဝေလင်းထွန်းအား တရားမဝင်သိုလှောင်ထားသည့် ဓာတုပစ္စည်း (ကော့ပါးဆာလဖိတ် ၂ တန်)၊ထိန်းချုပ်ဓာတုပ စ္စည်း(အမိုနီယမ်နိုက်ထရိတ် ၃ တန်)တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

နေရာ ၂ ခုမှ ဖမ်းဆီးရမိခဲ့သည့် ဓာတုပစ္စည်းနှင့်ထိန်းချုပ်ဓာတုပစ္စည်းတန်ဖိုးမှာ ငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here