မြောက်ကိုရီးယား၌ အဖျားရောဂါကူးစက်မှုအသစ်မရှိတော့ဟုဆို

0
128

မြောက်ကိုရီးယား၌ အဖျားရောဂါကူးစက်မှုအသစ်မရှိတော့ဟုဆို

 

မြောက်ကိုရီးယား၌ မေလ ၁၂ ရက်က ပထမဆုံးကိုဗစ်ကူးစက်မှုကို အတည်ပြုခဲ့ကာ ကူးစက်မှုများဆက်တိုက်ဖြစ်ပေါ်ပြီးနောက် ယနေ့တွင်အဖျားရောဂါကူးစက်မှုအသစ်မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု ကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA) ကဖော်ပြခဲ့သည်။

ညနေ ၆ နာရီမှစ၍ ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ်များ မတွေ့ရှိရသေးပေ။သောကြာနေ့၌ ပြုံယမ်းသည် အိမ်နီးချင်းနိုင်ငံများတွင် အလွန်ကူးစက်တတ်သော အိုမီခရွန်မျိုးကွဲများ ပျံ့နှံ့နေချိန်တွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

KCNA က မြောက်ကိုရီးယား၏ အရေးပေါ်ဌာနချုပ်သည် “ပြင်းထန်သောကပ်ရောဂါပျံ့နှံ့မှုကို နှိမ်နင်းရန် စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့်ဖို့အမိန့်ပေးခဲ့သည်” ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယား NGO တစ်ခု၏အဆိုအရ မြောက်ကိုရီးယားတွင် ကိုယ်အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထက်ရှိသူများသည် သီးခြားခွဲနေထိုင်ကာ ကုသမှုခံယူရမည်ဖြစ်သည်။

ဧပြီလနှောင်းပိုင်းမှစတင်၍ သောကြာညနေပိုင်းအထိ အဖျားရောဂါဖြစ်ပွားသူဦးရေ ၄ ဒသမ ၇၇ သန်းကျော်ရှိခဲ့ပြီး ယင်းတို့အနက် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းသည် ပြန်လည်ကောင်းမွန်လာခဲ့သည်ဟုသိရသည်။၂၀၄  ဦးမှာ ဆေးကုသမှုခံယူနေရကြောင်း KCNA ကပြောကြားခဲ့ပြီး မြောက်ကိုရီးယားတွင် စုစုပေါင်း ၇၄ ဦး သေဆုံးခဲ့ကြောင်းဇူလိုင် ၁၁ ရက်၌ဖော်ပြထားသည်။

ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်က ပြုံယမ်းတွင် “ပြင်းထန်သော ကပ်ရောဂါ”  အဖြစ် ကိုဗစ်ရောဂါကူးစက်မှုကို ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား လျှို့ဝှက်အေဂျင်စီက ပြုံယမ်း၏ နေ့စဉ်ထုတ်ပြန်‌ေသာကိုရိုနာဗိုင်းရပ် အမှန်တကယ်ကူးစက်ခံရသူအရေအတွက်ကိုသံသယဝင်နေခဲ့သည်။ပြုံယမ်းကဖော်ပြခဲ့သော အဖျားရောဂါအရေအတွက် အများအပြားတွင် အူရောင်ငန်းဖျားကဲ့သို့သော အခြားကူးစက်ရောဂါ ဝေဒနာရှင်များလည်း ပါဝင်ကြောင်းဆိုးလ်ကပြောကြားခဲ့သည်။

Source – Kyodo News


LEAVE A REPLY

Please enter your comment!
Please enter your name here