လုံခြုံရေး တင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်က မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်

0
243

လုံခြုံရေး တင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်က မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ် 

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမ၊ စည်ပင်ဝင်ပေါက် အနီးတွင် ၁၁နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် ခန်းမသည် ရန်ကုန် မြို့လယ်တွင်ရှိပြီး လုံခြုံရေး ထူထပ်စွာစောင့်ကြပ်နေသည့် ကြားမှ ယခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ပေါက်တာမှ အသံအကျယ်ကြီးပဲ။ လမ်းထဲကလူတွေအားလုံးထွက်ကြည့်ကြတယ်၊တော်တော်လေး ပြင်းတယ် ” ဟု မြို့တော်ခန်းမ အနီးဝန်းကျင်တွင် နေထိုင်သည့်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မြို့တော်ခန်းမ သို့ လူနာတင်ယာဉ်များ ရောက်လာပြီး လူထိခိုက်ဒဏ်ရာရမှုများ ရှိနိုင်ကြောင်း မျက်မြင်‌တွေ့ရှိသူအချို့ကလည်း ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် မြို့တော် ခန်းမအနီးတွင် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းကလည်းအကြမ်းဖက်သတ်ဖြတ်မှုများနှင့်အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်းဆန္ဒထုတ်ဖော်ပွဲကျင်းပခဲ့သည်။

ပုံစာ -ယခင်ပုံဟောင်းဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here