ချမ်းအေးသာစံမြို့နယ်ရှိ အထူးကုဆေးခန်းတစ်ခုချိတ်ပိတ်ခံရ

0
153

ချမ်းအေးသာစံမြို့နယ်ရှိ အထူးကုဆေးခန်းတစ်ခုချိတ်ပိတ်ခံရ

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ကဥ္စနမဟီရပ်ကွက်၊ ၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားရှိ “ယုယမေတ္တာ”ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း ဇူလိုင် ၂၉ ရက်နေ့လည်ပိုင်းက ချိတ်ပိတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ နေ့လည် ၁ နာရီကျော်ခန့်က နစက ၏လုံ ခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများမှ လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က နေ့လည်ပိုင်းမှာ လုံခြုံရေးအဖွဲ့တွေရောက်လာတယ် ထွေအုပ်ကလည်းပါတယ် အဲဒီဆေးခန်းကိုချိတ်ပိတ်တယ်ဆိုပြီး ဗီနိုင်းကပ်သွားတယ် နောက်ပြီးကြိုးတန်းလည်းတားသွားကြတယ်”ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ထိုသို့ အဆောက်အဦးအားချိတ်ပိတ်ခဲ့သည့်အပြင် အဆောက်အဦးအတွင်းရှိ ဆေးခန်းသုံးပစ္စည်းများ၏ စာရင်းများအားရေးမှတ်သွားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here