တရုတ်-အာဆီယံနိုင်ငံများ၏ မြို့ကြီးများ Urban Governance Cooperation မြို့ပြအုပ်ချုပ်မှုအား ပူးပေါင်းဆောင်ရွက်ရေး တည်ဆောက်နိုင်မည်ကို မျှော်လင့်ဟု ရန်ကုန်မြို့တော်ဝန်ပြော

0
253

 

တရုတ်-အာဆီယံနိုင်ငံများ၏ မြို့ကြီးများ Urban Governance Cooperation မြို့ပြအုပ်ချုပ်မှုအား ပူးပေါင်းဆောင်ရွက်ရေး တည်ဆောက်နိုင်မည်ကို မျှော်လင့်ဟု ရန်ကုန်မြို့တော်ဝန်ပြော

တရုတ်နိုင်ငံ၊ ရှန်းတုန်းပြည်နယ်၊ Dezhou မြို့တွင် ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်အထိပြုလုပ်သည့်  တရုတ်-အာဆီယံမြို့တော်ဝန်များညီလာခံတွင် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ ဇူလိုင် ၃၀ ရက် (ယနေ့)နေ့လည် ၁ နာရီကျော်က Video Conferencing ဖြင့်တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ညီလာခံအား တရုတ်နိုင်ငံ ရှန်းတုန်းပြည်သူ့အစိုး ရ၊ တရုတ်မြို့တော်ဝန်များအသင်းနှင့်အာဆီယံ-တရုတ် ဗဟိုဌာနတို့ပူးတွဲ၍ “China–ASEAN Mayor’s Forum & Conference For Collaborative Innovation and Development” ကို “ Build Regional Cooperation Network For Cities and Contribute to China – ASEAN Relations” ခေါင်းစဉ်ဖြင့်ကျင်းပလျက်ရှိသည်။

“၁၉၈၀ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာခဲ့ပါတယ် တရုတ် -မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးဟာ အပြန်အလှန်ယုံ ကြည်မှုနဲ့အတူ ခိုင်မာလာခဲ့ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

ထို့ပြင် ရန်ကုန်မြို့သည် တရုတ်နိုင်ငံမှ ယန်ကျိုးမြို့၊ ကူမင်းမြို့၊ နန်နင်းမြို့၊ ဖူကျိုးမြို့များနှင့် ညီအစ်မမြို့တော်များဖြစ်လာခဲ့ပြီး ယခုတိုင် လူမှုစီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုအပြင် မြို့ပြအုပ်ချုပ်ရေးနှင့်မြို့ပြစီမံကိန်းများ၌ အသိပညာ၊ အတတ်ပညာဖလှယ်မှုများ ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

အလားတူ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကြားတွင်ရှိပြီး အိန္ဒိယသမုဒ္ဒရာရေကြောင်း ထွက်ပေါက်တွင် တည်ရှိမှုအရ အိမ်နီးချင်းနိုင်ငံများအတွက် အ ရေးပါသည့် ဒေသတစ်ခုဖြစ်သည်ဟုပြောသည်။

“မြန်မာနိုင်ငံတောင်ဖက် ရန်ကုန်နဲ့တနင်္သာရီ၊ မြောက်ဖက် ကချင်၊ အလယ်ပိုင်းက မန္တလေးနဲ့တရုတ်နိုင်ငံနယ်စပ် ရှမ်းပြည်နယ်တို့မှာ ဆောင်ရွက်မယ့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေကြောင့် ဒေသတွင်းစီးပွားရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

အလားတူ ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ မြို့ပြအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများ၊ရေ ရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုများသည် များစွာအရေးပါသည်ဟုပြောသည်။

ထို့အတူ တရုတ်-အာဆီယံမြို့တော်ဝန်များဖိုရမ်မှ တရုတ်-အာဆီယံနိုင်ငံများ၏ မြို့ကြီးများ Urban Governance Cooperation မြို့ပြအုပ်ချုပ်မှု ပူး ပေါင်းဆောင်ရွက်ရေးအား တည်ဆောက်နိုင်မည်ကို မျှော်လင့်သည်ဟု မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

တရုတ်-အာဆီယံမြို့တော်ဝန်များဖိုရမ်အား ကဏ္ဍအသီးသီးတွင် သက်ဆိုင်ရာအဆင့်အလိုက် အပြန်အလှန်ကူးလူးဆက်ဆံမှုများနှင့်အတူ နှစ်ဖက်မြို့များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့်တရုတ်-အာဆီယံဆက်ဆံရေး မြင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှုကို တက်လှမ်းနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here