NLD လက်ထက် ဝန်ကြီး (၆၀) ဦးနှင့် နစက လက်ထက် နိုင်ငံရေးရာထူး လက်ဝယ်ရှိသူ ( ၂ )ဦးအပါအဝင်ဌာနဆိုင်ရာဝန်ထမ်း (၂၂) ဦးကို အဂတိမှုဖြင့် အရေးယူထားကြောင်း နစက ထုတ်ပြန်

0
234

NLD လက်ထက် ဝန်ကြီး (၆၀) ဦးနှင့် နစက လက်ထက်  နိုင်ငံရေးရာထူး လက်ဝယ်ရှိသူ ( ၂ )ဦးအပါအဝင်ဌာနဆိုင်ရာဝန်ထမ်း (၂၂) ဦးကို အဂတိမှုဖြင့် အရေးယူထားကြောင်း နစက ထုတ်ပြန်

NLD အစိုးရ လက်ထက်က ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး စုစုပေါင်း (၆၀) ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခဲ့ကြောင်း နစကကထုတ်ပြန်သည်။

အဆိုပါ အရေးယူယူခံရသည့်အထဲတွင် ပြည်ထောင်စု ဝန်ကြီး (၆) ဦး၊ ဒုတိယဝန်ကြီး (၁၁) ဦးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီး (၄၃) ဦး  စုစုပေါင်း (၆၀) ဦး ဖြစ် ကြောင်း သိရသည်။

ထို့အပြင် နစက အစိုးရ လက်ထက်တွင်လည်း နိုင်ငံရေး ရာထူး လက်ဝယ်ရှိသူ (၂) ဦး ၊ အဆင့်မြင့်အရာရှိ (၆) ဦး၊ အရာထမ်း(၈) ဦးနှင့် တခြားပုဂ္ဂိုလ်(၆) ဦး စုစုပေါင်း(၂၂) ကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀) ရက်ထိ နိုင်ငံတော် ငွေကြေးနှင့် ပစ္စည်းဆုံးရှုံးနစ်နာမှုအတွက်တရားစွဲဆိုမှု (၁၉၄) မှုနှင့် နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှု (၈၇) မှုရှိကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း အဂတိ လိုက်စားမှုများကြောင့် နစ်နာဆုံးရှုံးသည့် တန်ဖိုးမှာ ကျပ်သန်းပေါင်း (၁၉၃,ဝ၀၀) ကျော်နှင့် အမေရိကန် ဒေါ်လာ (၁၃) သန်းကျော်ရှိကြောင်း နစက ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် နိုင်ငံတော် ဘဏ္ဍာ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်မည်ဖြစ်‌ကြောင်းလည်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here