အရှေ့တောင်အာရှနှင့် အာဖရိကသို့ဘလင်ကန် သွားရောက်လည်ပတ်မည်

0
174

အရှေ့တောင်အာရှနှင့် အာဖရိကသို့ဘလင်ကန် သွားရောက်လည်ပတ်မည်


ဝါရှင်တန်၊ ဇူလိုင် ၂၉ ရက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန်သည် လာမည့်အပတ်၌ ကမ္ဘောဒီးယားတွင် ကျင်းပမည့် အမေရိကန်-အာဆီယံ ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေး၌ ဘလင်ကန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှု၊ မြန်မာ့အရေးနှင့် ယူကရိန်း အရေးအခင်းတို့ကိုဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖနွမ်းပင်တွင် ဩဂုတ်လ ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည့် အဆိုပါ ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ပြီးနောက် ဘလင်ကန်သည် အမေရိကန်-ဖိလစ်ပိုင် မဟာမိတ် ခိုင်မာစေရေးကို ဆွေးနွေးရန်အတွက် မနီလာသို့သွားရောက်မည်ဖြစ်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကိုစ်၊ နိုင်ငံခြားရေးဝန်ကြီး အန်ရီကီ မနာလို တိုနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှခရီးစဉ်အတွင်း ဘလင်ကန်သည် ဒီမိုကရေစီအ‌ ရေးကို‌‌ း‌ေရှ့တန်းမှတက်ကြွစွာ‌ေတာင်းဆိုသူ လေးဦးကို သေဒဏ်ချမှတ်ခဲ့သည့် နကစအစိုးကိုဖိအားပေးရန် အခြားနိုင်ငံများကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တင်ဘရင့် က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုနောက် ဘလင်ကန်သည် ဩဂုတ်လ ၇ ရက်မှ ၉ ရက်အထိ တောင်အာဖရိတိုက်ရှိ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံသို သွားရောက်လည်ပတ်မည် ဖြစ်သည်။

ဘလင်ကန်သည် ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အရှေ့ပိုင်းဒေသတွင် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများနှင့် အကြမ်းဖက်မှုများကို လျှော့ချရာ၌ အဓိကကျနေသည့် ရဝမ်ဒါအစိုး၏ အခန်းကဏ္ဍကို အာရုံစိုက်သွားမည်ဖြစ်ကြော်ငး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဝမ်ဒါနိုင်ငံ၌ ရောက်ရှိနေစဉ် ဘလင်ကန်သည် အမေရိကန်တွင် တစ်သက်တာ နေထိုင်ခွင့်ရရှိထားသူ အား မှားယွင်းစွာ ချုပ်နှောင်ထားမှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အသက် ၆၇ နှစ်အရွယ် Paul Rusesabagina သည် ရဝမ်ဒါသမ္မတ ပေါ ခါဂါမေ၏အုပ်ချုပ်မှုကို ဆန့်ကျင်သော အဖွဲအစည်းတစ်ခုနှင့်ဆက်စပ်နေသည်ဟုဆိုကာ အကြမ်းဖက်မှု စွဲချက် ရှစ်ခုဖြင့် ထောင်ဒဏ် ၂၅ ခုနှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here