နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ လျှောက်လှမ်းရေး၊ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ပေါင်းထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတွေကို လက်ခံပြီးဖြစ်တာကြောင့် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆွေးနွေးနိုင်ပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော

0
184

“နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ လျှောက်လှမ်းရေး၊ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ပေါင်းထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတွေကို လက်ခံပြီးဖြစ်တာကြောင့် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆွေးနွေးနိုင်ပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော

တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၅/၂၀၂၂)တွင်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အစိုးရအနေနဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့ဒေသတွေက တိုင်းရင်းသားတွေရဲ့ နေထိုင်စားသောက်ရေးအ တွက် ဆောင်ရွက်ပေးမယ်ဆိုရင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မှာဖြစ်ပါတယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်လိုတာတွေကို ဥပဒေဘောင်အတွင်းကနေဆောင်ရွက်ပေးရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးချိန်တွင် မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်နှင့်နိုင်ငံရေးရည် မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အ ပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ခဲ့သည်ဟုပြောသည်။

“နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ လျှောက်လှမ်းရေး၊ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ပေါင်းထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတွေကို လက်ခံပြီးဖြစ်တာကြောင့် ငြိမ်းချမ်းရေးရရှိအောင် ဆက် လက်ဆွေးနွေးနိုင်ပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ နိုင်ငံရေးဦးတည်ချက်တွင် နိုင်ငံရေးထွက်ပေါက်များပေးထားပြီးဖြစ်၍ ယင်းထွက် ပေါက်များအားအသုံးချကာ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံရေးရ လဒ်များ တိုးတက်အောင်ဆောင်ရွက်ပေးရမည်ဟုပြောသည်။

“မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ဖေ ဖော်ဝါရီ ၁ ရက် ထပ်တိုး ၆ လကစပြီး နိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးမှာ တချို့ဒေသတွေကလွဲပြီး ကျန်ဒေသတွေမှာ ၂၀၂၁ ခုနှစ်ထက် များစွာတိုးတက်ပြောင်းလဲသွားပါတယ် တည်ငြိမ်အေး ချမ်းမှုတွေလည်း ရရှိလာပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် အချင်းချင်းယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများတည်ဆောက်နိုင်မှသာ ခိုင်မာသည့်အခြေခံကောင်းများကို ရရှိမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here