မုံရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ် အလည်သွားသည့် စစ်သား (၁) ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ အုပ်ချုပ်ရေးမှူး လင်မယားပါ သေဆုံး

0
218

မုံရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ် အလည်သွားသည့် စစ်သား (၁) ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ အုပ်ချုပ်ရေးမှူး လင်မယားပါ သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့နယ်တွင် ကျေးရွာ အုပ် ချုပ်ရေးမှူး၏ နေအိမ်သို့ အလည်သွားသည့် စစ်သား (၁) ဦးနှင့် အုပ်ချုပ်ရေးမှူး လင်မယားကို သေနတ်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂၉) ရက် နေ့လယ်ပိုင်းက မုံရွာမြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးက ခဝဲကျင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ အမှတ် (၇၂၇) ထ ပရ တပ်မှ စစ်သား (၁) ဦး အလည်ရောက်ရှိနေချိန်တွင် သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အုပ်ချုပ်ရေးမှူး လင်မယားပါ ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

သေဆုံးသူများမှာ အမှတ် (၇၂၇) ထောက်ပံ့ရေးတပ်မှ တပ်သား ထွန်းနိုင်ဝင်း၊ ခဝဲကျင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးဌေးဆိုသူ (၃) ဦးတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

” ခဝဲကျင်းက အနောက်မောက်တိုင်း စစ်ဌာနချုပ်နားက ရွာ ။ လေယာဉ်ကွင်းနဲ့လည်း နီးတယ်။ စစ်တပ်က တစ်ယောက် ရောက်နေတဲ့အချိန် ဝင်ပစ်တာ ။ အုပ်ချုပ်ကြီးရော သူ့မိန်းမရော တပ်က တစ်ယောက်ရော အကုန်သေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ (၂၉) ရက် နေ့လယ် (၁၂) နာရီဝန်းကျင်က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို အ တည်မပြုနိုင်သေးကြောင်း အဆိုပါ ဒေသခံက ပြော သည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ မုံရွာမြို့နယ်အတွင်း ရှိ ဒေသကာကွယ်ရေးအဖွဲ့များမှလည်း သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

အလားတူ ယနေ့ဇူလိုင်လ (၃၀) ရက် နံနက်အစောပိုင်းကလည်း မုံရွာမြို့ပေါ်တွင် အကြော်ရောင်းရန် ပြင်ဆင်နေသည့် မောင်နှမ (၂) ဦးကို သေနတ် သမားများက ပစ်ခတ်ခဲ့သည့်အတွက် ညီမဖြစ်သူမှာ နေရာတွင် သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူမှာ သေနတ်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here