၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်းရှိ တိမ်းစောင်းခဲ့သည့် တာဝါတိုင်အမှတ် ၆၁၃ အားပြန်လည်ပြင်ဆင်နေ

0
265

၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်းရှိ တိမ်းစောင်းခဲ့သည့် တာဝါတိုင်အမှတ် ၆၁၃ အားပြန်လည်ပြင်ဆင်နေ

၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်းရှိ တိမ်းစောင်းခဲ့သည့် တာဝါတိုင်အမှတ် ၆၁၃ ပြန် လည်ပြင်ဆင်နေမှုအား လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက ကြည့်ရှု့ခဲ့သည်။

ပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရန် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများအား အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကမှာကြားခဲ့သည်။

အလားတူ မန္တလေးမြို့ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် မဒဲကျွန်း ရေနံသိုလှောင်စခန်းတို့မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနေမှုကို ထိန်းချုပ်ဖြန့်ဖြုးပေးနေသည့် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်း ချုပ်ရေးစခန်း(မန္တလေး)သို့ သွားရောက်ကြည့်ရှု့ခဲ့သည်။


“အရှေ့တောင်အာရှရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ နှစ်နိုင်ငံပြည်သူတွေအတွက် အလုပ်အ ကိုင်အခွင့်အလမ်းတွေနဲ့ဝင်ငွေပိုပြီးရရှိစေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

ထို့ပြင် နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့များ ယခုထက်ပိုမိုရရှိသုံးစွဲနိုင်ရေးအား အထူးအလေးထား ကြိုးပမ်းဆောင် ရွက်သွားရမည်ဟု ပြောသည်။

ထို့နောက် ပိုက်လိုင်းစခန်းအတွင်းရှိ control center ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များဖြန့်ဖြူးပေးနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here