သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်ထပ်ခိုးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၂ ဦးသေဆုံးခဲ့

0
196

သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်ထပ်ခိုးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၂ ဦးသေဆုံးခဲ့

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်၊ ကောက်သွယ် ၁ လမ်းရှိ နေအိမ်တစ်လုံး၏ထပ်ခိုးပေါ်၌ ဇူလိုင် ၃၁ ရက်(ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၅ နာရီကျော်ခန့်က ၂၉ ရပ်ကွက်၏ ကောက်သွယ် ၁ လမ်းရှိ နေအိမ်တစ်လုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံ ရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ နေအိမ်အတွင်း၌ ၅ ထပ်သားဖြင့်ကာ၍ပြုလုပ်ထားသည့် ထပ်ခိုးပေါ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဖြစ်စဥ်ကြောင့် ကိုနေလင်း(၂၄)နှစ်တွင် ဝဲလက်ကောက်ပြတ်ထွက်၊ မျက်နှာနှင့်ယာရင်ဘက်စုတ်ပြတ်၊ပြည့်ဖြိုးဦး (ခ)အကြီးကောင်(၂၈)နှစ်တွင် ဝဲလက်ပေါက်ပြဲ
ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

အလားတူ ထပ်ခိုးအခန်းအတွင်းမှ လက်ပစ်ဗုံးတစ်လုံးအား ထပ်မံတွေ့ရှိခဲ့ရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက နေအိမ်ဘေးမြေကွက်လပ်တွင် အတားအဆီးများပြုလုပ်ပြီး ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Telegram တွင်ဖတ်ရန် >>
https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here