Yahoo, PayPal နှင့်ဂိမ်းဝဘ်ဆိုက်များကို အင်ဒိုနီးရှား ပိတ်ဆို့

0
209

Yahoo, PayPal နှင့်ဂိမ်းဝဘ်ဆိုက်များကို အင်ဒိုနီးရှား ပိတ်ဆို့

ဂျကာတာ၊ဇူလိုင် ၃၀

လိုင်စင်စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် Yahoo ဝက်ဘ်ဆိုက်၊ ငွေပေးချေမှုကုမ္ပဏီ PayPal နှင့် ဂိမ်းဝဘ်ဆိုက်အများအပြားကို အင်ဒိုနီးရှားမှ ပိတ်ဆို့ထားကြောင်း တာဝန်ရှိသူတစ်ဦးက စနေနေ့ (ဇူလိုင် ၃၀ ရက်) တွင် ပြောကြားခဲ့ပြီး လူမှုကွန်ရက်တွင်လည်း တုံ့ပြန်ဝေဖန်မှုများ ဖြစ်ပွားခဲ့သည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းက ထုတ်ပြန်ခဲ့သော စည်းမျဉ်းများအရ မှတ်ပုံတင်ရန်လိုအပ်သည်။ မှတ်ပုံတင်ထားမှသာလျှင် တရားမဝင်သည့်အချက်လက်များ (သို့) အများပြည်သူကိုအနှောင့်အယှက်ဖြစ်‌စေသည့်အရာများ ဖြစ်‌ ပေါ်လာပါက သက်ဆိုင်ရာကထိန်းချုပ်နိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ Facebook,Instagram,WhatsApps နှင့် Amazon အပါအဝင် နည်းပညာကုမ္ပဏီများသည် ရက်ပိုင်းအတွင်းစာရင်းသွင်းရန် အလျင်စလို လုပ်ဆောင်ခဲ့ကြသည်။

အင်ဒိုနီးရှားဆက်သွယ်ရေးဝန်ကြီးဌာနအကြီးတန်းအရာရှိ Semuel Arijani Pangerapan က ပိတ်ဆို့ခံထားရသည့် ဝဘ်ဆိုက်များတွင် Yahoo,PayPal အပါအဝင် Steam, Dota2,Counter-Strike နှင့် Epic Games ကဲ့သို့သော ဂိမ်းဆိုက်များလည်း ပါဝင်ကြောင်းပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ PayPal နှင့် Yahoo ၏ ပုဂ္ဂလိကအစုရှယ်ယာကုမ္ပဏီ Apollo Global Management နှင့် Steam ၊ Dota နှင့် Counter-Strike တို့ကိုလုပ်‌ဆောင်သည့် US game developer Valve Corporation တို့က ချက်ချင်းမှတ်ချက်မ‌ပေးပေ။Epic Games ကိုမူဆက်သွယ်၍မရခဲ့ဟုသိရှိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ပိတ်လိုက်ခြင်းကြောင့် အင်ဒိုနီးရှား၏ အွန်လိုင်းဂိမ်းလုပ်ငန်းနှင့် PayPal အသုံးပြုသူများကို ထိခိုက်စေသည်ဟုဆိုကာ တွစ်တာ၌လည်းထိုအကြောင်းအရာကိုသာ တင်၍ရေးသားဝေဖန်လျက်ရှိကြသည်။

Pangerapan က လူများ၏အပ်ငွေများကို PayPal မှ ပြန်လည်ထုတ်ယူနိုင်ရန်  အစိုးရကအ‌ဖြေရှာသွားမည် ဟုဆိုသည်။မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို လိုက်နာပါက ၀က်ဘ်ဆိုဒ်များကို အာဏာပိုင်များက ပိတ်ဆို့သွားမည်မဟုတ်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ခန့်မှန်းခြေအင်တာနက်အသုံးပြုသူ ၁၉၁ သန်းနှင့် ဆိုရှယ်မီဒီယာကိုကျွမ်းကျင်သူ လူငယ်များဖြင့် အင်ဒိုနီးရှားသည်နည်းပညာပလက်ဖောင်းများစွာအတွက် အရေးပါသောစျေးကွက်တစ်ခုဖြစ်သည်။

Source – Reuters/gs


LEAVE A REPLY

Please enter your comment!
Please enter your name here