နယူးဇီလန် နယ်စပ်များ အပြည့်အဝပြန်ဖွင့်

0
197

နယူးဇီလန် နယ်စပ်များ အပြည့်အဝပြန်ဖွင့်

ဝဲလ်လင်တန်၊ဩဂုတ် ၁

ယနေ့ဩဂုတ်လ (၁) ရက်နေ့တွင် နယူးဇီလန်နယ်စပ်များကို ခရီးသွားများအားလုံးအတွက်ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။၂၀၂၀ ခုနှစ် မတ်လမှစတင်၍ ပိတ်ထားခဲ့သော နယ်စပ်များကို ယခုလတွင်ပထမဆုံးအကြိမ်အဖြစ်ပြန်လည်ဖွင့်လှစ်ပေးခြင်းလဲဖြစ်သည်။

နယူးဇီလန်နိုင်ငံသားများအတွက်မူ နယ်နိမိတ်များကို ဖေဖေါ်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကန့်သတ်ချက်များကိုလည်း တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့သည်။

မနေ့ညကတည်းက နယ်နိမိတ်များကိုပြန်လည်ဖွင့်လှစ်ခဲ့ကာ ဗီဇာလိုအပ်သော ဧည့်သည်များနှင့် ကျောင်းသားဗီဇာရှိသူများနယူးဇီလန်သို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိခဲ့သည်။ယခုအခါ နယူးဇီလန်သည် ၎င်း၏ ဆိပ်ကမ်းများတွင် အပျော်စီးသင်္ဘောများနှင့် နိုင်ငံခြား အပန်းဖြေ ရွက်လှေများကိုလည်း ဆိုက်ကပ်ခွင့်ပေးလိုက်ပြီဖြစ်သည်။

နိုင်ငံတကာကျောင်းသားများသည် နယူးဇီလန်နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော ပံ့ပိုးကူညီသူများ ဖြစ်ကြပြီး နယ်နိမိတ်များ ပြန်လည်ဖွင့်လှစ်ခြင်းကလည်း နိုင်ငံတစ်ဝန်းရှိကျောင်းများနှင့် တက္ကသိုလ်များအတွက် တစ်ဖန်ပြန်လည် အားကောင်းလာမည်ဟုမျှော်လင့်ရသည်။

နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က အော့ကလန်တွင် ပြုလုပ်သည့် တရုတ်စီးပွားရေး ထိပ်သီးအစည်းအဝေးတွင်တနင်္လာနေ့၌ နယ်စပ်များပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် နိုင်ငံအတွက်ကြီးမားသော အခိုက်အတန့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကပ်ရောဂါဆိုးကြီးကို ဆက်လက်ကိုင်တွယ်ဖြေရှင်းလျက်ရှိပြီး ပြည်သူများ ဘေးကင်းစေရန်အတွက်လည်း အဆင့်ဆင့်သတိထားပြီး ဖေဖော်ဝါရီလကတည်းက ပြုလုပ်လာခဲ့ပါတယ်” ဟု၎င်းကဆိုသည်။
Source – Reuters/ga


LEAVE A REPLY

Please enter your comment!
Please enter your name here