မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာ ဆန် (၁) အိတ် ၃၅၀၀၀ ကျပ်နှုန်းမှ စ၍ အခြေခံပြည်သူများကို ရောင်းချပေးသွားမည်

0
415

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာ ဆန် (၁) အိတ် ၃၅၀၀၀ ကျပ်နှုန်းမှ စ၍ အခြေခံပြည်သူများကို ရောင်းချပေးသွားမည်

စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာ ဆန် (၁) အိတ် ၃၅၀၀၀ ကျပ်မှ စ၍ရောင်းချပေးသွားမည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ဆန်ရောင်းချခြင်း အစီအစဉ်ကို ဩဂုတ်လ (၃) ရက်မှ စတင်ကာ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၃)နာရီအတွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန်​ရောင်းချမည့်အစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း) နှင့် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

ယခုရောင်းချပေးမည့် အစီအစဉ်တွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ကြားပျံ၊ ရက် (၉၀) စသည့် ဆန်အမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် (၁) အိတ်လျှင် (၃၅၀၀၀) ကျပ်မှ (၇၇၀၀၀) ကျပ်အထိ အ စားစားရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ရောင်းချပေးသွားမည့် ဈေးနှုန်းများမှာ ရက် (၉၀) ဆန် (၁) အိတ်လျှင် (၃၅၀၀၀) ကျပ်မှ (၃၇၀၀၀) ကျပ်၊ ကြားပျံဆန် (၁) အိတ်လျှင် (၅၅၀၀၀) ကျပ်မှ (၆၀၀၀၀) ကျပ်၊ ဧရာဝတီ ပေါ်ဆန်း (၁) အိတ်လျှင် (၅၂၀၀၀) ကျပ်မှ (၅၅ ၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း (၁) အိတ်လျှင် (၇၅၀၀၀) ကျပ်မှ (၇၇၀၀၀) ကျပ်ဖြင့် ရောင်း ချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း တန်းမြင့်ဆန်အဖြစ် သတ်မှတ်ထားသည့် ရွှေဘိုပေါ်ဆန်း တစ်အိပ်လျင် ၉၀၀၀၀ ဝန်း ကျင်အထိ ပေါက်ဈေးရှိနေပြီး အခြားဆန်အမျိုးအစားများမှာလည်း ယခင်လဆန်းပိုင်းကနှင့်နှိုင်းယှဉ်ပါက (၁) အိတ်လျှင် (၅၀၀၀) ကျပ်မှ (၁၀၀၀၀) ဝန်းကျင်အထိ ဈေး နှုန်းမြင့်တက်မှုများ ရှိခဲ့ကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

ရွှေဘိုပေါ်ဆန်း ဈေးနှုန်းမြင့်တက်ရခြင်းမှာ စစ်ကိုင်းတိုင်းအတွင်း နယ်မြေမတည်ငြိမ်မှုကြောင့် အပါအဝင် ၊ ကုန်ထုတ်လုပ်မှု စရိတ်များ မြင့်တက်လာခြင်း ၊ သွင်းအားစု ဈေးနှုန်းများ မြင့်တက်လာခြင်း၊ သယ်ယူခ စရိတ်များ မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ပြီး ဈေးနှုန်း ဆက်လက် မြင့်တက်နေဦးမည် ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု ဆန်ရောင်းချမည့်အစီအစဉ်မှာ အခြေခံ ပြည်သူလူ ထုသို့ ရောင်းချပေးမည့် အစီအစဉ်ဖြစ်ပြီး တစ်‌အိမ် ထောင်လျင် ဆန် (၁) အိတ်နှုန်းသာ ရောင်းချပေးသွားမည်ဖြစ်ကာ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)တည်ရှိရာ ၊ ဝါးတန်းဆိပ်ကမ်းနယ်မြေတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here