မူဆယ်မြို့ အမှတ် (၁) စည်ပင်ဈေးအနီးတွင် ဗုံးပေါက်ကွဲ ၊ ယာဉ်ထိန်း (၁) ဦးနှင့် ပြည်သူ့စစ် (၃) ဦး ဒဏ်ရာရကာ အမျိုးသမီး (၁) ဦး ဆေးရုံ၌ သေဆုံး

0
262

မူဆယ်မြို့ အမှတ် (၁) စည်ပင်ဈေးအနီးတွင် ဗုံးပေါက်ကွဲ ၊ ယာဉ်ထိန်း (၁) ဦးနှင့် ပြည်သူ့စစ် (၃) ဦး ဒဏ်ရာရကာ အမျိုးသမီး (၁) ဦး ဆေးရုံ၌ သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ အမှတ် (၁) စည် ပင်သာယာဈေး အနီးတွင် ယနေ့ ဩဂုတ်လ (၁) ရက် နံ နက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသမီး (၁) ဦး သေဆုံးကာ ပြည်သူ့စစ် (၃) ဦးနှင့် ယာဉ်ထိန်း (၁ ) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၁၁) နာရီဝန်းကျင်က မူဆယ်မြို့ အမှတ် (၁) စည်ပင်သာယာဈေး အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်ထိန်း (၁) ဦး ၊ နမ်ဖက်ကာ ပြည်သူ့စစ်တပ်ဖွဲ့မှ (၃) ဦးနှင့် အရပ်သား အမျိုးသမီး (၁) ဦးတို့ ဗုံးစ ထိမှန် ဒဏ်ရာ ရရှိကာ ဆေးရုံသို့ ‌ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဗုံးစ ထိမှန်ခဲ့သည့် အမျိုးသမီးမှာ ရင်ဘတ် ဖောက်ဝင် ဒဏ်ရာဖြင့် မူဆည်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

” ထိတာတော့ (၅) ယောက်ပဲ။ အမျိုးသမီး တစ်ယောက်က ဆေးရုံမှာ ဆုံးသွားတယ်” ဟု မူဆယ်မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ အမည်မသိအမျိုးသား (၂)ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရှိရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် လအတွင်းကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် ပန်ဆေးပြည်သူ့စစ်အဖွဲ့ကို လက်နက်ကိုင်များက လာရောက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဟိုတယ် ဝန် ထမ်းတစ်ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here