မုံရွာမြို့တွင် ဆိုင်ကယ်စီးလာသည့် စည်ပင်ဝန် ထမ်းအမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
161

မုံရွာမြို့တွင် ဆိုင်ကယ်စီးလာသည့် စည်ပင်ဝန် ထမ်းအမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ချမ်းမြသာစည်ရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် စည်ပင်ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးသုခ(၅၇)နှစ်သည် သြဂုတ် ၁ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီကျော်ခန့်က ချမ်းမြသာစည်ရပ်ကွက်၊သာစည်လမ်းရှိ မီးပွိုင့်အနီးတွင် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက နောက်မှဆိုင်ကယ်ဖြင့်မောင်းနှင်လိုက်ပါလာကာ ဦးသုခအားသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသုခတွင်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အလောင်းကို လူနာတင်ကားနဲ့လာသယ်သွားကြတာတွေ့တယ် သိရသလောက်ဆိုရင် သေနတ်နဲ့ပစ်ခံရတာအချက်ရေများတယ်လို့ သိရတာပဲ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)မုံရွာတပ်ခွဲမှ ဦးသုခ သည် မုံရွာမြို့သပိတ်ဦးဆောင်သူတစ်ဦးအား ကားဖြင့်တိုက်၍ဖမ်းဆီးရန် သတင်းပေးခြင်း၊ MRDA အဖွဲ့ဝင်များနေရာအား သတင်းပေးခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here