မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းစီးပွား ရေးလုပ်ငန်းရှင်များအား ကူညီပံ့ပိုးပေးစေလိုဟု ထိုင်းနိုင်ငံစီးပွားရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များဆွေးနွေးပြောဆို

0
199

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းစီးပွား ရေးလုပ်ငန်းရှင်များအား ကူညီပံ့ပိုးပေးစေလိုဟု ထိုင်းနိုင်ငံစီးပွားရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များဆွေးနွေးပြောဆို

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစီးပွားရေးအဖွဲ့အ စည်းမှ ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁ ရက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောဆိုခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံကြား စီးပွားရေး၊ကုန်သွယ် ရေး၊ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားလုပ်ငန်းကဏ္ဍများပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဒုတိယနေရာ၌ရှိပြီး ပိုမိုရင်းနှီးမြှုပ်နှံလာကြမည်ကို ယုံကြည်သည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်ကပြောကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစီးပွား ရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များကလည်း မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြား ကုန်သွယ်မှုနှင့်ရင်း နှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်နေမှုအား ဆွေး နွေးပြောကြားခဲ့ကြသည်။

အလားတူ ထိုင်းခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာနိုင်ရန် ကူညီဆောင်ရွက်ပေးစေလိုကာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းစီး ပွားရေးလုပ်ငန်းရှင်များအား ကူညီပံ့ပိုးဆောင် ရွက်ပေးစေလိုသည်ဟု ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့ပြင် ထိုင်းခရီးသွားများ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်လျက်ရှိပြီး နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ဆောင်ရွက်သွားမည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here