နိုင်ငံအတွက် အလားအလာရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရန် စီမံလျက်ရှိဟု နစက ဥက္ကဋ္ဌကဆို

0
319

နိုင်ငံအတွက် အလားအလာရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရန် စီမံလျက်ရှိဟု နစက ဥက္ကဋ္ဌကဆို

နိုင်ငံအတွက် လိုအပ်နေသည့် လျှပ်စစ် ဓာတ်အားများအတွက် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၊သူဌေးရေအား လျှပ်စစ်စီမံကိန်းများမှ စုစုပေါင်း ၄၄၂ မဂ္ဂါဝပ်အား နိုင်ငံတော်ဓာတ်အားစနစ်သို့ ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အလားအလာရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရန် စီမံလျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားအပြည့်အဝမရရှိခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁ ရက်(ယနေ့)နံနက် ၈ နာရီက ပြည်သူလူထုအား မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေအရ CNG ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်မှုတွေ ရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း သဘာဝဓာတ် ငွေ့လုံလောက်စွာမရရှိခြင်း၊သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပြုပြင်နေရခြင်း၊မဟာလျှပ်စစ်ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းများဖြစ်ပေါ်လျက်ရှိ၍ လိုအပ်သည့်လျှပ်စစ်ဓာတ်အား အပြည့်အဝမရရှိခြင်းများဖြစ်ပေါ်နေသည်ဟု ပြောသည်။

“ဒါ့ကြောင့် လိုအပ်တဲ့လျှပ်စစ်ဓာတ်အားတွေ ပြည့်ဝစွာထုတ်လုပ်နိုင်ဖို့အတွက် ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ကျောက်မီးသွေးသုံးစက်ရုံ ၁ ရုံ၊သ ဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၈ ရုံ၊ဒီဇယ်ဓာတ်အားပေးစက် ၆၁၀ လုံးနဲ့နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ ၂ ရုံတို့ကနေ ၇၁၂၁ မဂ္ဂါဝပ်ကို ဓာတ်အား ထုတ်လုပ်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အဆိုပါ စက်ရုံအသီးသီးမှ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှု၏ ၅၀ ရာခိုင်နှုန်းခန့်သည် ရေအားလျှပ်စစ်စက်ရုံများမှဖြစ်ကာ ပြည့်ဖြိုးမြဲ လျှပ်စစ်ထုတ်လုပ်နိုင်သည့် ရေအား၊လေအား၊နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ၆၀ ခုမှ ၆၂၈၇ မဂ္ဂါဝပ်ထွက်ရှိရန်လည်း စီမံဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ချက်ချင်းမလုပ်နိုင်သလို ချက်ခြင်းလည်းမထွက်နိုင်ပါဘူး အမြန်ဆုံးဆိုတဲ့ နေရောင်ခြည်စွမ်းအင်သုံး(SOLAR)လျှပ်စစ်ဓာတ်အားတောင် တစ်နှစ်ခွဲကြာနိုင်ပါတယ် ရေအားလျှပ်စစ်ဟာ ၅ နှစ်အနည်းဆုံးကြာပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပုံစာ – ဘီလူးချောင်း အမှတ် (၂) ဓာတ်အားပေး စက်ရုံ


LEAVE A REPLY

Please enter your comment!
Please enter your name here