ချမ်းမြသာစည်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လက်လုပ်မိုင်းပေါက်ကွဲ

0
126

ချမ်းမြသာစည်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လက်လုပ်မိုင်းပေါက်ကွဲ

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်တောင်ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် သြဂုတ် ၁ ရက်ညပိုင်းက လက်လုပ်မိုင်းပေါက်ကွဲခဲ့သည်ဟု သိရသည်။

ယင်းနေ့ည ၈ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်လုပ်မိုင်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ၄ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ရပ်ထားသည့် Honda Fit ကားတစ်စီးတွင်လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးရာလက်လုပ်မိုင်းအပိုင်းအစများအား တွေ့ရှိခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here