တကယ့် အဖြစ်အပျက် ကို အခြေခံ ရိုက်ကူးထားတဲ့ ‘ကျွန်တော့်ရည်းစား ဘုရားမှာနေသည်’ ရုပ်ရှင်

0
168

လွန်ခဲ့တဲ့ ၃ နှစ်ခန့် က ရိုက်ကူးခဲ့ပြီး ၂ဝ၁၅ ခုနှစ် အကယ်ဒမီ စာရင်းဝင်ခဲ့တဲ့ “ကျွန်တော့် ရည်းစားဘုရားမှာ နေသည်” ရုပ်ရှင်ဇာတ်ကား ကို လာမယ့် နိုဝင်ဘာလ ၁၁ရက် နေ့ကနေ စတင်ပြီး ရုံတင်ပြသ သွားတော့မှာမို့ အထူး ပွဲပြသခြင်းကို အောက်တိုဘာလ ၃ဝရက်နေ့ က ရန် ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒါရိုက်တာ ပန်းချီစိုးမိုး ကတော့ “ကျွန်တော့်ရည်း  စား ဘုရားမှာနေသည်” ရုပ်ရှင် ဇာတ်ကားဟာ တကယ့် အဖြစ်အပျက် တစ်ခုကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ် ကား တစ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

အဓိကသရုပ်ဆောင် တစ်ဦး အနေနဲ့ သရုပ်ဆောင်ခဲ့ တဲ့ စိုးရန်အောင်က အခုရုံတင်မယ့်  အချိန် ဟာ ၃နှစ်နီး ပါးအချိန် ကြာမြင့် ခဲ့ပေမယ့်လည်း ခေတ်နဲ့ မလျော်ညီတဲ့ ဇာတ်ကားမျိုးတော့ ဖြစ်မသွားခဲ့ဘဲ တကယ့် အထင်ကရနေ ရာတွေ ပါဝင်နေတဲ့ အတွက် ပရိသတ်တွေ ကြိုက်နှစ်သက် လိမ့်မယ်လို့ ယုံကြည်ကြောင်းဆိုပါတယ်။

“ဇာတ်လမ်းပုံစံ ကိုက မတူညီတဲ့ အချစ် ပုံစံတွေကို ဖွဲ့နွဲ့ပြီး ပြထားခဲ့တာဖြစ်သလို လိုကေးရှင်း နေရာတွေက လည်း အင်မတန်လှပတဲ့ ပခန်းကြီး ဒေသနဲ့ ပခန်းလေး ဒေသ၊ ပုံဂံဒေသတွေမှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါ တယ်။ လှပသေသပ်တဲ့ ရုပ်ရှင် ဇာတ်ကားလေး တစ်ခု ထွက်ပေါ်လာဖို့ အတွက်ကို ကျွန်တော် တို့တွေ အပင်ပန်းခံ ကြိုးစားပြီးတော့ လှပတဲ့ ဒေသတွေမှာ သွားရောက်ရိုက် ကူးခဲ့ပါ တယ်။ ရုံတင်ဖို့ အချိန် ကြာခဲ့ပေမယ့်လည်း ကြည့် လို့ကောင်းမယ့် ဇာတ်ကား တစ်ကားဖြစ်တယ် ဆိုတာကို အာမခံပါတယ်”လို့ စိုးရန်အောင် ကတော့ပြောပြပေးပါတယ်။

“ကျွန်တော့် ရည်းစား ဘုရားမှာ နေသည်” ရုပ်ရှင် ဇာတ်ကားထဲမှာ အဓိက အမျိုးသမီး ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ မိုးယုစံ ကတော့ “ဒီဇာတ်ကားထဲမှာ တော့ နှစ်ဘဝပုံစံ သရုပ်ဆောင် ရတာပေါ့။ မိုးယုသေချာ ကြိုးစားခဲ့ပါတယ်။ လိုအပ်တာတွေ လည်း ရှိနေပါ လိမ့်မယ်။ အဲ့ဒီဇာတ်ကား ရိုက်တုန်းက မယ်သီလရှင် ဝတ်ပြီး ပြီးချင်း ရိုက်ဖြစ်တဲ့ ဇာတ်ကောင်ပေါ့။ အမှတ်တရတော့ ဖြစ်ပါ တယ်။ ခေါင်း တုံး ဆံပင်ပေါက်ကို ဆံပင်တု စွပ်ပြီး ရိုက်ခဲ့ရ တာပေါ့။ နှစ်ဘဝ ဇာတ်ရုပ်ဖြစ်တဲ့ အတွက် ကာရိုက်တာ ချိန်းတဲ့ အချိန်တွေမှာ ပိုပြီးတော့ အဆင်ပြေခဲ့တယ်။ အဲ့ဒါကတော့ အမှတ်တရပါ”လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here