ယာမရှိတ ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဒိုင်လူကြီးဖြစ်လာ

0
234

ယာမရှိတ ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဒိုင်လူကြီးဖြစ်လာ

တိုကျို၊ဩဂုတ် ၁

ယိုရှိမိ ယာမရှိတသည် ဂျပန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးပရော်ဖက်ရှင်နယ်လ် ဘောလုံးဒိုင်အဖြစ် တနင်္လာနေ့(သြဂုတ် ၁ ရက်) တွင်ဖြစ်လာခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သမိုင်းသစ်ဖန်တီးရန် ပြင်ဆင်နေချိန်၌ ယခုကဲ့သို့ပါဝင်ရခြင်းအတွက် ပျော်ရွှင်မိကြောင်းသူမကပြောကြားခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ယာမရှိတသည် ပြင်သစ်နိုင်ငံမှ Stephanie Frappart နှင့် ရဝမ်ဒါ မှ Salima Mukansanga တို့နှင့်အတူ ယခုနှစ်နှောင်းပိုင်းတွင် ကာတာနိုင်ငံ၌ကျင်းပမည့် ကမ္ဘာ့ဖလား‌ဘောလုံးဒိုင်များအဖြစ် မေလကအမည်စာရင်းတင်သွင်းခံခဲ့ရသည်။

ယာမရှိတသည် ယခုအခါတွင် ဂျပန်ဘောလုံးအသင်းနှင့် ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ်စာချုပ်ချုပ်ဆိုခဲ့ကာ သူမ၏ပထမဆုံးတာဝန်ထမ်းဆောင်သည့်နေ့တွင် ကျောင်းသား၊သူများဖြင့် တွေ့ဆုံဆွေးနွေးစကားပြောခဲ့သည်။

ဂျပန်နိုင်ငံ၏ ပထမဆုံးပရော်ဖက်ရှင်နယ် အမျိုးသမီးဘောလုံးအသင်းဖြစ်သည့် WE League ကို စတင်ဖွင့်လှစ်ပြီး တစ်နှစ်မပြည့်မီ၌ပင် သူ၏အခန်းကဏ္ဍသစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယာမရှိတ ၊Frappart နှင့် Mukansanga တို့သည် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပွဲစဥ်များအတွက် စုစုပေါင်းဒိုင်လူကြီး ၃၆ ယောက်အနက်မှရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ယာမရှိတက သူသည် ကာတာ၌ကျင်းပမည့် “ကမ္ဘာ့ဖလားလေကို ရှူရှိုက်ရန်” စောင့်မျှော်နေပြီး ပြိုင်ပွဲအတွင်း၌ ဆုံးဖြတ်ချက်များကို မှန်ကန်မြန်ဆန်စွာချမှတ်နိုင်ရန်ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။

“ဘယ်ကစားပွဲကိုပဲ ဒိုင်လုပ်လုပ်ခုလိုဆုံးဖြတ်ချက်မှန်ကန်မြန်ဆန်ဖို့ကို အမြဲတမ်းလေ့ကျင့်နေပါတယ်။ ဒါကတိုးတက်အောင်လုပ်လို့ရတဲ့အရာပါ” ဟုသူကဆိုကာ “ကစားပွဲအခြေနေက ရှုပ်ထွေးနေရင်တောင် ကိုယ်ကဆုံးဖြတ်ချက်မှန်ကန်မြန်ဆန်ဖို့လေ့ကျင့်ထားရင် မှန်မှန်ကန်ကန်ဆုံးဖြတ်အကဲဖြတ်ပေးနိုင်မှာပါ” ဟု ဒိုင်လူကြီးတစ်ဦး၏အတွေ့အကြုံများကို ကျောင်းသားကျောင်းသူများအား ရှင်းပြခဲ့သည်။

ယင်းနောက်သူက “ကလေးတွေနဲ့ဆုံပြီးကဒ်တွေထုတ် ရှင်းပြတော့ ကျွန်မလက်တွေတုန်နေတယ်၊ဒါ‌ပေမဲ့ သူတို့မျက်လုံးလေးတွေ အရောင်တလက်လက်နဲ့ စိတ်ဝင်တစားနားထောင်ကြတာတွေ့ရတော့ စိတ်လှုပ်ရှားနေတဲ့ကြားက ပျော်ရပါတယ်”ဟုဆိုလေသည်။

Source – AFP/st


LEAVE A REPLY

Please enter your comment!
Please enter your name here