လီဆူ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအားဆီကို လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုသည် လီဆူ တစ်မျိူးသားလုံးကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ဟုဆို

0
416

လီဆူ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအားဆီကို လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုသည် လီဆူ တစ်မျိူးသားလုံးကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ဟုဆို

မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအားဆီအား လက်နက်အားကိုး၍ အကြောင်းမဲ့ အကြမ်းဖက် သတ်ဖြတ်ခြင်းသည် လီဆူ တစ်မျိူးသားလုံးကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု လေးလေးနက်နက်ခံ ယူကြောင်း ယင်းကော်မတီက ဇူလိုင် ၃၁ ရက် က ထုတ်ပြန် ကြေညာထား သည်။

ယင်းအတွက် ဦးအားဆီ ကို အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခဲ့သော မည်သည့်အစွန်းရောက် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လီဆူတစ်မျိုးသားလုံးနှင့်အတူ မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ လုံးဝ(လုံးဝ)လက်ခံနိုင်ခြင်းမရှိကြောင်းနှင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ကန့်ကွက်ပါကြောင်း သဘောထားထုတ်ပြန်ထားသည်။

“ ခွဲစိတ်ကုသမှု အောင်မြင်ပါတယ်။ သတိရလာပါပြီ၊ စကားတော့ နည်းနည်းပြောလာနိုင်တဲ့ အခြေအနေပါ။ ရတဲ့ဒဏ်ရာကြောင့် လူကတော့ နည်းနည်း နာကျင်ခံစားနေတဲ့ ဝေဒနာတော့ ရှိနေသေးတာပေါ့” ဟု ယင်း ကော်မတီ အတွင်းရေးမှူးဖြစ်သူတစ်ဦးက ဆိုသည်။

ဦးအားစီသည် သမ္မတဦးသိန်းစိန်လက်ထက်က ကချင်ပြည်နယ်၌ လီဆူတိုင်းရင်းသာရေးရာ ၀န်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူး သူတစ်ဦးဖြစ်ပြီး၊ လီဆူလူမျိုး၏စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ရိုးရာအမွေအနှစ်များကို ဖွံ့ဇြိုးတိုးတက်စေရန် လီဆူတစ်မျိုးသားလုံးက ရွေးချယ်တင်မြောက်ထား သော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဦးဆောင်ရာတွင်လည်း အခြားသောမည်သည့် ပုဂ္ဂိုလ်အဖွဲ့ အစည်းကိုမျှပြစ်တင်ပုတ်ခတ် ပြောဆို လုပ်ဆောင်ခြင်းမရှိဘဲ ဘက်မလိုက်ပေါင်းသင်းဆက်ဆံလျှက် မိမိလူမျိုးအရေးကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ဦးအားဆီ လုပ်ကြံခံရမှုအတွက် မြစ်ကြီးနားမြို့အခြေစိုက် လီဆူ စာပေနှင့်ယဉ်ကျေးမှု ကော်မတီကလည်း သေစေရန်ရည်ရွယ်ချက်ဖြင့် လူသားမဆန် ၊ အသိဉာဏ်မဲ့စွာတရား မဲ့လုပ်ကြံသတ်ဖြတ်ခြင်းသည် မိမိတို့ လီဆူတစ်မျိုးသားလုံးအား မထီမဲ့မြင်ပြုခြင်း၊ စော်ကားခြင်း ဖြစ်သည်ဟု မှတ်ယူပြီး ယင်းလုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်တစ်စောင်ကို သြဂုတ် ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဦးအားဆီ ကို ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ည ၈ နာရီအချိန်ခန့်တွင် ၎င်းနေထိုင်ရာ အိမ်ခြံဝင်းတံခါးအရှေ့တွင် အမည်မသိ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့ခြင်းဖြစ်သည်။

Photo – The voices of Lisu


LEAVE A REPLY

Please enter your comment!
Please enter your name here