မူဆယ်တွင် (၂) ရက်အတွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့် ပေါ က်ကွဲမှုကြောင့် ရဲ (၂) ဦးနှင့် ပြည်သူ(၁)ဦးသေဆုံးကာ ပြည်သူ့စစ် (၅) ဦးနှင့် ယာဉ်ထိန်း (၁) ဦး ဒဏ်ရာရ

0
328

မူဆယ်တွင် (၂) ရက်အတွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့် ပေါ က်ကွဲမှုကြောင့် ရဲ (၂) ဦးနှင့် ပြည်သူ(၁)ဦးသေဆုံးကာ ပြည်သူ့စစ် (၅) ဦးနှင့် ယာဉ်ထိန်း (၁) ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်က မူဆယ်မြို့တွင် မနေ့ ဩဂုတ်လ (၁) ရက်နှင့် ယနေ့ ဩဂုတ် လ (၂) ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက် ခိုက်မှုနှင့် ပေါက်ကွဲမှုများကြောင့် ရဲ(၂) ဦးနှင့် ပြည်သူ အ မျိုးသမီး (၁)ဦး သေဆုံးကာ ပြည်သူ့စစ်(၅)ဦးနှင့် ယာဉ် ထိန်းရဲ (၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဩဂုတ် (၂) ရက် နံနက်ပိုင်းက မူဆယ်မြို့လယ် မီးပွိုင့်အနီးတွင် ပြည်သူ့စစ် (၂) ဦးကို ဆိုင်ကယ်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့ နံနက် (၁၁) နာရီဝန်းကျင်တင် မူဆယ်မြို့လယ် မီးပွိုင့်အနီး၌ ပြည်သူ့စစ် (၂) ဦး မောင်နှင်လာသည့် ကားကို မော်တော်ဆိုင်ကယ် စီးနင်းလာသူ အချို့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပစ်ခတ်ခံရသည့် ပြည် သူ့စစ်(၂) ဦးမှာ ဆေးကုသမှု ခံယူနေရကြောင်း မူဆယ် မြို့ခံ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” ၁၁ နာရီလောက်က မီးပွိုင့်မှာ ခဏရပ်နေတဲ့ ကားကို ဆိုင်ကယ် သမားတွေက ပစ်သွားတာ။ ပြီးမှ အပစ်ခံရတဲ့သူတွေက ပြည်သူ့စစ်တွေမှန်းသိတာ သေတော့ မသေဘူး။ ဆေးရုံပို့ထားတယ်” ဟု ပစ်ခတ်မှုကို မျက်မြင်တွေ့ရှိသည့် မူဆယ် ဒေသခံက ပြောသည်။

ဩဂုတ်လ (၁) ရက် ညဦးပိုင်းကလည်း မူဆယ်မြို့ပေါ်ရှိ ရဲစခန်းအပါအဝင် နေရာ(၃) နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲ(၂) ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် ဩဂုတ်လ (၁) ရက် နံနက်ပိုင်းကလည်း မူဆယ်မြို့ အမှတ် (၁) စည်ပင်သာယာဈေးအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ် (၃) ဦးနှင့် ယာဉ်ထိန်းရဲ (၁) ဦး၊ ပြည်သူ အမျိုးသမီး (၁) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသ မီးသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here