MEODA က ကြီးကြပ်၍ စားအုန်းဆီတစ်ပိသာ ၃၇၀၀ ကျပ်ဖြင့် ရန်ကုန်မြို့အတွင်း ရွေလျားစနစ်ဖြင့် ရောင်းချပေး

0
556

MEODA က ကြီးကြပ်၍ စားအုန်းဆီတစ်ပိသာ ၃၇၀၀ ကျပ်ဖြင့် ရန်ကုန်မြို့အတွင်း ရွေလျားစနစ်ဖြင့် ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်များမှ ယနေ့ သြဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ မြို့နယ်များအတွင် ရွေ့လျားစနစ်ဖြင့် စားသုံးဆီလိုက်လံ ရောင်းချပေးနေကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင်မြို့နယ်များအတွင်းရှိ စားသုံးသူပြည်သူများ သက်သာချောင်ချိစေရန်ရည်ရွယ်၍ စားအုန်းဆီတစ်ပိသာလျှင် ၃၇၀၀ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ယခင်ရက်များက MEODA၏ ကြီးကြပ်မှုဖြင့် အခြားမြို့နယ်များအတွင်း ရွေ့လျားစနစ်ဖြင့် ရောင်းချပေးရာတွင် စားအုန်းဆီတစ်ပိသာလျှင် ၃၈၀၀ကျပ်ဖြင့်ရောင်းချပေးနေရာမှာ ယနေ့တွင် ကျပ် ၁၀၀ လျော့ချ၍ ၃၇၀၀ကျပ်ဖြင့်ရောင်းချပေးနေခြင်းဖြစ်သည်။
ယနေ့တွင် MEODA ၏ကြီးကြပ်မှုဖြင့် ဆီလုပ်ငန်းရှင်တို့ပူးပေါင်း၍ အင်းစိန်၊ လှိုင်သာယာ၊ ကမာရွတ်၊ မရမ်းကုန်း၊ သာကေတနှင့်ရွှေပြည်သာမြို့နယ်များတွင် ရွေ့လျားစနစ်ဖြင့် လိုက်ခံရောင်းချပေးနေခြင်းဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း စားအုန်းဆီစျေးအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်းအပါအဝင် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့်လုပ်ဆောင်ချက်များပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here