မင်္ဂလာဒုံတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးကားကို လက်ပစ် ဗုံးဖြင့်ပစ်ကာ အုပ်ချုပ်ရေးမှူး လင်မယားကို သေနတ်ဖြင့်ပစ်သတ်

0
480

မင်္ဂလာဒုံတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးကားကို လက်ပစ် ဗုံးဖြင့်ပစ်ကာ အုပ်ချုပ်ရေးမှူး လင်မယားကို သေနတ်ဖြင့်ပစ်သတ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ၎င်း၏ အမျိုးသမီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ (၂) ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေနံသာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနှင့် ဇနီးဖြစ်သူတို့ စီးနင်းလာသည့် မော်တော်ယာဉ်ကို ဗုံးဖြင့် ပစ်ခတ်ကာ ၎င်းတို့ နှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းဆိုသူမှာ နစကက ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ကာ သေနတ်ကိုင်ဆောင်ခွင့်ရထားသူ ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် (၉) နာရီဝန်းကျင်က ၎င်းတို့ စီးနင်းလာသည့် မော်တော်ယာဉ်ကို ပေါင်းကူးဉာဏ ရပ်ကွက် ၊ ဒေါ်ငို တံတားအနီးတွင် အမည်မသိ လူတစ်စုက လက်ပစ်ဗုံးဖြင့် ဦးစွာပစ်ခတ်ခဲ့ပြီး မော်တော်ယာဉ် ရပ်တန့်သွားချိန်၌ ယာဉ်အတွင်းရှိ ၎င်း တို့(၂) ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“စစ်သားတွေ ရဲတွေတော့လာစစ်သွားကြတယ် ကလေး ၂ ယောက်ကတော့ဘာမှမဖြစ်ဘူးလို့ကြားပါတယ်”ဟု ပေါင်းကူးဥာဏကျေးရွာ၏ ရပ်မိရပ်ဖတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီး အနီးအနား ရပ်ကွက်များအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here