နျူကလီယားမပြန့်ပွားရေးထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း
တိုကျို၊ဩဂုတ် ၂
ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါက ယခုအချိန်၌ နျူကလီယားလက်နက်မပါသည့်စစ်ပွဲမဖြစ်နိုင်တော့သဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေး ကြိုးပမ်းမှုတွင် တာဝန်သိစွာပူးပေါင်းဆောင်ရွက်ကြရန် သက်ဆိုင်ရာနိုင်ငံများအား တနင်္လာနေ့ (သြဂုတ် ၁ ရက်) ကတိုက်တွန်းခဲ့သည်။
ယခုအချိန်တွင် ရုရှားယူကရိန်းအရေးကြောင့် ကမ္ဘာမှာသဘောထားကွဲလွဲမှုများ ကြီးမားလာကာ နျူကလီးယားတိုက်ခိုက်မှုများအထိဖြစ်လာေစနိုင်သည်ဟု ဝန်ကြီးချုပ်ကဆိုသည်။
မြောက်ကိုးရီးယားကလည်း ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု မြောက်မြားစွာ ပြုလုပ်ခဲ့သည့်အပြင် နျူစမ်းသပ်မှုပါ ပြုလုပ်လာရန် ပြင်ဆင်နေသည်ဟုယူဆရကြောင်းဆိုသည်။
“နျူကလီးယားလက်နက်အသုံးပြုမှု ကပ်ဆိုးအန္တရာယ်က တစ်ဖန်ပြန်ဖြစ်လာမှာကို ကမ္ဘာကြီးက စိုးရိမ်နေပါတယ်” ဟု လည်းမိန့်ခွန်းတွင်ပြောကြားခဲ့သည်။
“ချက်ခြင်းဆိုသလိုပဲ နျူကလီးယားလက်နက်မရှိရင် မဖြစ်တော့သလိုဖြစ်လာပါတယ်” ဟုလည်း၎င်းကဆိုသည်။ကီရှီဒါသည် နူးယော့ခ်ရှိ ကုလသမဂ္ဂတွင်ပြုလုပ်သည့် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) အစီရင်ခံစာညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ဟီရိုရှီးမားကိုဗုံးကျဲတိုက်ခိုက်မှုသည် ကမ္ဘာပေါ်ရှိနျူဒဏ်ကိုခံရသော ပထမဆုံးမြို့ဖြစ်လာစေသဖြင့် ဗုံးဒဏ်ခံခဲ့ရသည့်နိုင်ငံမှ ကီရှီဒါသည်နျူမပြန့်ပွားရေး၏ အကြောင်းရင်းတစ်ခုလည်းဖြစ်လာခဲ့သည်။ထပ်မံ၍လည်း သုံးရက်ကြာပြီးနောက် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် နာဂါစကီသို့ထပ်မံဗုံးကြဲခံခဲ့ရပြန်သည်။
ထိုအရေးကိစ္စများပြီးနောက် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် ၂၀၁၆ ခုနှစ်တွင် ဂျပန်သို့ပထမဆုံးသွားရောက်ခဲ့သည့် အမေရိကန်သမ္မတဖြစ်လာခဲ့သည်။ထိုအချိန်က ဝန်ကြီးချုပ် ကီရှီဒါသည်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း နောက်နှစ် G 7 အစည်းအဝေးကို ဟီရိုရှီးမား၌ကျင်းပရန်ရွေးချယ်ခဲ့ကာ ကုလသမဂ္ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကမူ ဂျပန်၏ဩဂုတ် ၆ ရက် နှစ်ပတ်လည်အခမ်းအနားသို့တက်ရောက်မည့်အကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်။
“နျူကလီးယားနိုင်ငံအားလုံးကို တာဝန်သိစွာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်၊ဒါကြောင့်အမေရိကနဲ့ရုရှားကြား လက်နက်ထိန်းချုပ်ရေးနဲ့ နျူကလီးယားလျှော့ချရေး ဆွေးနွေးညှိနှိုင်းမှုတွေကို ထောက်ခံပြီး အမေရိကနဲ့တရုတ်ကြားမှာလည်း အလားတူဆွေးနွေးပွဲတွေဖြစ်လာဖို့ကို အားပေးပါတယ်” ဟု ဝန်ကြီးချုပ်ကဆိုသည်။
နျူလက်နက်ဆိုင်ရာ ပွင့်လင်းမြင်သာမှု မြှင့်တင်ရေး၊ မပြန့်ပွားရေး သဘောတူစာချုပ် ကဲ့သို့သော ကြိုးပမ်းအားထုတ်မှုများခိုင်မာအားကောင်းလာစေရန်နှင့် နျူကလီးယားလက်နက်များ၏ အန္တရာယ်အကြောင်းကို လူငယ်ခေါင်းဆောင်များအား ပညာပေးရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း မ,တည်ပေးကြောင်း ၎င်းကပြောကြားခဲ့သည်။နာဂါစကီဟာ နျူဒဏ်ခံရတဲ့နောက်ဆုံးမြို့ပဲ ဖြစ်စေချင်ပါတယ် ဟုလည်းဆိုသည်။
၂၀၁၁ ခုနှစ် ဖူကူရှီးမားနျူကလီးယား ဘေးအန္တရာယ်ကနေ သင်ခန်းစာယူစရာများကိုယူပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုကိုလည်း မြှင့်တင်သင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဂျပန်တွင် လောင်စာဆီဈေးနှုန်းများမြင့်တက်ကာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်စေခဲ့သည့် ဇွန်လကအပူလှိုင်းဒဏ်အပြီး ကီရှီဒါက နျူစွမ်းအင်ကိုမြှင့်တင်ခဲ့ကာ နျူဓာတ်ပေါင်းဖိုကိုးခုအား ယခုနှစ်ကုန်၌ အွန်လိုင်းတွင်အသုံးပြုရန် တောင်းဆိုထားခဲ့သည်။
Source – Reuters/ec