ဇီဝိတဒါနအလှူအဖြစ် အသတ်ခံရတော့မယ့်နွားမကြီးအား ဝယ်ယူရန်အတွက်အလှူငွေများလှူဒါန်းပေးခဲ့တဲ့ ဂန္တဝင်
မွေးလမှာဇီဝိတဒါန အသက်ကယ်အလှူအဖြစ်
အသတ်ခံရတော့မယ့်ကိုယ်ဝန်နဲ့နွားမကြီးအားဝယ်ယူရန်အတွက်ဂန္တဝင် မှအလှုငွေများလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး ဂန္တဝင်က”မေတ္တာဝါဒီပရဟိတ” မှာ ကိုယ်ဝန်ကြီးနဲ့နွားမကြီးကိုဘေးမဲ့လွှတ်ပေးချင်ကြောင်းတင်ထားတဲ့ပိုစ့်မှာအလှူငွေ၂သိန်းရတာတွေ့ပြီးလိုနေတဲ့အလှူငွေ၆သိန်း၅သောင်း ကိုနွားမကြီးနဲ့ကလေးတွေအသက်ကိုမွေးလအလှူလေးအဖြစ်ကယ်တင်လှူလိုက်ပါတယ်
နွားမကြီးလဲဘေးမဲ့ဂေဟာမှာ ကလေးများကိုကျန်းမာစွာမွေးဖွားနိုင်ပါစေ”လို့သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။