ရေးမြို့ရှိ လ၀ကရုံးအတွင်းသို့ လူတစ်စုမှသေ နတ်များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့၍ ၃ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရ

0
183

ရေးမြို့ရှိ လ၀ကရုံးအတွင်းသို့ လူတစ်စုမှသေ နတ်များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့၍ ၃ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ရေးမြို့၊ရန်မျိုးအောင်ရပ်ကွက်ရှိ လူ ဝင်မှုကြီးကြပ်ရေးရုံးအား သြဂုတ် ၃ ရက်(ယနေ့) မွန်းတည့်ပိုင်းက လူတစ်စုမှသေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က အမည်မသိအမျိုးသားများက သေနတ်များကိုင်ဆောင်၍ လဝက ရုံးအတွင်းသို့ဝင်ရောက်လာပြီးနောက် သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“လဝက ဝန်ထမ်း ၂ ယောက်ရယ် မိတ္တူစက်လာပြင်ပေးတဲ့အရပ်သားတစ်ယောက်ရယ် ၃ ယောက်သေဆုံးခဲ့ပါတယ် နောက်ထက် လဝက ဝန်ထမ်းတစ်ယောက်ကတော့ ဒဏ်ရာရသွားလို့ ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်”ဟုရေးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ ရေးမြို့အတွင်းပိတ်ဆို့စစ် ဆေးမှုများပြုလုပ်လျက်ရှိကာ အခင်းဖြစ်ပွားခဲ့သည့် လဝက ရုံးတွင်လည်းလုံခြုံရေးအဖွဲ့ဝင်များရောက်ရှိစစ်ဆေးလျက်ရှိကြောင်း သိရသည်။

“သေနတ်သံတွေလည်းကြားတယ် အော်ဟစ်ပြီးပြေးတဲ့အသံတွေလည်းကြားတယ် ကျွန်တော်က တော့ သေနတ်သံတွေကြားတာနဲ့ပုန်းနေရတာ အသံတွေတိတ်သွားပြီး သိပ်မကြာဘူး လူနာတင် ကားတွေအတော်များများ ရောက်လာတာတွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အား ရေးမြို့နယ်အခြေ စိုက် ရေးဘီလူးအဖွဲ့မှဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here