ကမ္ဘာ့လက်သည်းအရှည်ဆုံး အမျိုးသမီး ဂင်းနက်စ်စံချိန်မှတ်တမ်း၀င်
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတာပြည်နယ်မှ Diana Armstrong ဆိုသူ အမျိုးသမီးသည် လက်သည်းအရှည် စုစုပေါင်း ၁၃၀၆ ဒသမ ၅၈ စင်တီမီတာ(၄၂ ပေ ၁၀ ဒသမ ၄ လက်မ)ဖြင့် ကမ္ဘာ့လက်သည်းအရှည်ဆုံး အမျိုးသမီးအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်း၀င်သွားခဲ့သည်။
ယင်းလက်သည်းအရှည်သည် ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်က တိုင်းတာထားသော အရှည်ဖြစ်ပြီး၊ ကျောင်းကားတစ်စီးထက် ပိုမိုရှည်လျားသည်ဟု သိရသည်။
Diana Armstrong သည် အဆိုပါ လက်သည်းများကို ရရှိစေရန် ၂၅ နှစ်တာမျှ သူ့လက်များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။
သူမ၏ လက်ယာဖက်လက်မမှ လက်သည်းသည် လက်သည်းအားလုံးတွင် အရှည်လျားဆုံးဖြစ်ပြီး ၁၃၈ ဒသမ ၀၄ စင်တီမီတာ(၄ပေ ၆ ဒသမ ၇ လက်မ)ရှိသည်။ ယင်းလက်သည်းနှင့် နှိင်းယှဉ်လျှင် သူမ၏ လက်ဝဲဖက်လက်မှ ပန်းရောင်ဆိုးထားသော လက်သည်းသည် အတိုဆုံးဖြစ်ကာ ၁၀၉ ဒသမ ၂ စင်တီမီတာ(၃ပေ ၇လက်မ)ရှိသည်။
သူမသည် ၁၉၉၇ ခုနှစ်က နောက်ဆုံးလက်သည်းညှပ်ခြင်းပြုလုပ်ခဲ့ပြီး ယင်းနောက်တွင် လက်သည်းများကို လုံး၀ မညှပ်တော့ပဲ အရှည်ထားခဲ့ခြင်းဖြစ်သည်။