တိုင်ဝမ်ကျွန်းအနီး တရုတ်၏ စစ်ရေးလေ့ကျင့်မှုက ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို ပိုမိုထိခိုက်လာစေမည်ဟုဆို
တိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် တရုတ်တို့က စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေခြင်းကြောင့် ကမ္ဘာ့အစည်ကားဆုံး သင်္ဘောဖြတ်သန်းသွားလာသည့်ဇုန်တွင် ရေကြောင်းမှရော လေကြောင်းမှပါ ရှောင်ကွင်းကုန်ကြသဖြင့်၊ ယင်း၏ နောက်ဆက်တွဲ အကျိုးဆက်မှာ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို တစ်စထက်တစ်စ ပို၍ထိခိုက်လာမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက AFP သတင်းဌာနသို့ပြောကြားသည်။ ယင်းသည် ကျွန်း၏ အရေးပါသော အနေအထားကို ထင်ရှားစွာပြသနေကြောင်းကိုလည်း လေ့လာသုံးသပ်သူတို့ကဆိုသည်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပေလိုစီ တိုင်ဝမ်ကျွန်းသို့ လာရောက်ခဲ့ပြီးနောက် ကျွန်းပတ်ပတ်လည်တွင် တရုတ်တို့က နေ့စဉ်ရက်ဆက် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေလျှက်ရှိသည်။
Ref: China’s Taiwan war games threaten more global supply chain disruption: Analysts