ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိ

0
173

ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိ

မွန်ပြည်နယ်၊မုဒုံမြို့ရှိ ဝင်းစိန်တောရကျောင်းဝင်းအတွင်း၌ တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များအား နေ့စဥ်အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မွန်ပြည်နယ်အခြေ စိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအား အလှူရှင်များ ၏ စုပေါင်းထည့်ဝင်ငွေများဖြင့် ကျောင်းဝင်းအ တွင်း၌ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လိုအပ်တဲ့အချိန်တိုင်းသွားယူလို့ရပါတယ် အမြဲတမ်းအခမဲ့ပါပဲ ကျွန်တော်တို့က လူ မှုကူညီရေးအသင်းဖြစ်နေတော့ အောင်ဆီဂျင်ကအမြဲတမ်းလိုအပ်နေတာ ကိုဗစ်ကာလအောက်ဆီဂျင်လိုအပ်တဲ့အချိန်တုန်းကဆိုရင် အတော်ခက်ခဲခဲ့တာ”ဟု မွန်ပြည်နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဝင်းစိန်တောရကျောင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ ဇူလိုင်လအတွင်း၌ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ ၊ ကမာဝက်တိုက်နယ်ဆေးရုံ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့်အောက်ဆီဂျင် လိုအပ်သူများအတွက် အောက်ဆီဂျင် ၄၀ လီတာအိုး ၈၈ လုံး၊စက်ရုံမှငှားယူသည့်အိုး ၃၆ လုံး(စုစု ပေါင်း ၁၂၄ လုံး)အား ဖြည့်သွင်းပေးခဲ့ကြောင်း သိရသည်။

အလားတူ လစဥ်လတိုင်း၌ အောက်ဆီဂျင်အလုံးရေ ၁၃၀ ခန့်အား ဖြည့်သွင်းဖြန့်ဝေပေးလျက်ရှိသည်ဟု သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် စက်ရုံက တစ်နေ့ကို အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးရေ ၁၅၀ လောက်ဖြည့်ပေးနိုင်တယ် လုံလောက်မှုရှိပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here