Monday, January 13, 2025

မုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မေမေများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်မှုအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာအစားအစာများကို အမေများနေ့ဖြစ်သည့် ပြာသိုလပြည့်နေ့၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင်...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်နိုင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ယခုလ ဇန်နဝါရီ (၇)ရက်မှ (၁၀)ရက်အထိ...

Myanmar National League 2024-25...

Myanmar National League 2024-25 Week-15 ပွဲစဉ်ကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်၌ တောင်ကြီးကွင်း၌ အိမ်ရှင် ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့...

ဖမ်းဆီးရမိထားသည့် မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ပြုံယမ်းကို...

ယူကရိန်းတပ်ဖွဲ့များက ဖမ်းဆီးရမိထားသည့် မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ရုရှားရှိ ယူကရိန်း စစ်သုံ့ပန်းများနှင့်လဲလှယ်၍ ပြုံယမ်းသို့ လွှဲပြောင်းပေးရန် မိမိအနေဖြင့် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီး...
HomeNewsLocal Newsတရုတ်ဒုံးကျည်ငါးစင်း ဂျပန် EEZ...

တရုတ်ဒုံးကျည်ငါးစင်း ဂျပန် EEZ အတွင်းကျရောက်

တရုတ်ဒုံးကျည်ငါးစင်း ဂျပန် EEZ အတွင်းကျရောက်

တိုကျို၊ဩဂုတ် ၄

ကြာသပတေးနေ့တွင်တရုတ်ကပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်ငါးစင်းသည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်(EEZ ) အတွင်း ကျရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Nobuo Kishi က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် ဂျပန်နိုင်ငံ၏သီးသန့်စီးပွား‌ရေးဇုန်ထဲသို့ တရုတ်ဒုံးကျည်များ ပထမဆုံးအကြိမ် ကျရောက်လာခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကီရှီကပြောခဲ့သည်။

“ဂျပန်၏နိုင်ငံ‌တော်လုံခြုံရေး၊ပြည်သူများဘေးကင်းရေးနဲ့ပတ်သက်လို့ ဒီဆိုးရွားတဲ့ ကိစ္စကို ကျွန်တော်တို့ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်” ဟု လည်း၎င်းကပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုဆီ တိုင်ပေကိုလာရောက်ပြီးနောက် ထိုင်ဝမ်နားတစ်ဝိုက်တွင် တရုတ်နိုင်ငံက ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။တရုတ်သည် ညနေ ၃ နာရီမှစတင်ကာ ၄ နာရီနောက်ပိုင်းအထိ စုစုပေါင်း ၉ စင်း လွှတ်တင်ခဲ့ကြောင်း ဂျပန်ကအတည်ပြုခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ကမူ ယခုစစ်ရေးလေ့ကျင့်မှုအား “နိုင်ထက်စီးနင်းပြုခြင်း” ဟုခေါ်ဆိုခဲ့သည်။ “ဂျပန်အနေနှင့်လည်း သတိထားပြီးစောင့်ကြည့်သွားမည်” ဟု ကာကွယ်ရေးဝန်ကြီးကဆိုသည်။

ဂျပန် နိုင်ငံခြားရေးဒုဝန်ကြီး Takeo Mori က တရုတ်သံအမတ်ကြီး Kong Xuanyou အားခေါ်ယူတွေ့ဆုံကာ ဒုံးကျည်ပစ်လွှတ်မှုအပေါ်ကန့်ကွက်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းရပ်ရန်လည်းတိုက်တွန်းခဲ့သည်။

Source – Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မေမေများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်မှုအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာအစားအစာများကို အမေများနေ့ဖြစ်သည့် ပြာသိုလပြည့်နေ့၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင် ရောင်းချပေးခဲ့သည်။ "ဒီပွဲလေးလုပ်တာဟာ ဝါသနာတူတဲ့ သူတွေစုပြီး အမေများနေ့တစ်ရက်တည်း မေမေတွေလက်ဆောင်ပေးဖို့ရည်ရွယ်ချက်နဲ့ ရောင်းပေးတာပါ။ ဒီလိုပွဲလုပ်တာ ပထမဆုံးအကြိမ်ပါ။ အရင်ကလုပ်ခဲ့တာမရှိဘူး။ အခုမှဝါသနာတူသူငယ်ချင်းတွေစုပြီး သွားရောင်းကြမယ်ဆိုပြီးစိတ်တူကိုယ်တူလာရောင်းဖြစ်ကြတာပါ။ အခုလာမယ့်ချစ်သူများနေ့မှာ ရောင်းဖြစ်ကြမလားဆိုတာတိုင်ပင်နေကြပါတယ်"ဟု မသက်ထားမောင် (ဒေါ်ကြီးရွှေ မြန်မာ့ရိုးရာအစားအစာ)က ပြောသည်။ အမေများနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတွင် မြေစာဥဆ နွင်းမကင်း၊ ရွှေကြည်ပူတင်း၊ သီးစုံဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျော၊ သာခွေယိုင်၊ အုန်းနို့ငှက်ပျောပေါင်း၊ ကလိန့်စေ့အုန်းနို့ပေါင်း၊...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်နိုင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ယခုလ ဇန်နဝါရီ (၇)ရက်မှ (၁၀)ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားလှယ်အဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်မိုးသီတာဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲအတွင်း မြို့ပြဒေသများအတွင်း ခံစားရသည့် အပူလှိုင်းဒဏ်ကို ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ်များ (Urban Heatwave Simplified Early Action Protocol) အပေါ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည်များကို အသင်းကိုယ်စားလှယ်က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများနှင့် အမြင်ချင်း ဆွေးနွေး...

Myanmar National League 2024-25 Week-15 ပွဲစဉ် အိမ်ရှင် ရှမ်းယူနိုက်တက် (၃)ဂိုးပြတ်ဖြင့် အနိုင်ရရှိ

Myanmar National League 2024-25 Week-15 ပွဲစဉ်ကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်၌ တောင်ကြီးကွင်း၌ အိမ်ရှင် ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက (၃)ဂိုး (၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ပွဲစဉ်အတွင်း ကျောနံပါတ် (၇) ကျော်ကိုကို နှင့် ကျောနံပါတ်(၁၂) Bakayoko တို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်း နောက်ခံကစားသမား သက်ဟိန်းစိုး က AYA Pay အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။ ချန်ပီယံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071