စင်ကာပူတွင် အမြင့်ဆုံး အဆောက်အအုံ Alibaba တည်ဆောက်မည်

0
414

စင်ကာပူတွင် အမြင့်ဆုံး အဆောက်အအုံ Alibaba တည်ဆောက်မည်

တရုတ်အင်တာနက်ကုမ္ပဏီကြီးဖြစ်သော Alibaba နှင့် စင်ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သည့် Perennial Holdings တို့ဦးဆောင်သောအဖွဲ့သည် စင်ကာပူနိုင်ငံတွင် အမြင့်မားဆုံးဖြစ်လာမည့် မိုးမျှော်တိုက်ကြီးတစ်ခုကို တည်ဆောက်ကြတော့မည်ဖြစ်သည်။

ယင်းအထပ်မြင့် အဆောက်အအုံကြီးကို စင်ကာပူနိုင်ငံ Central Business District ရှိ Shenton Way တွင်တည်ဆောက်ရန် သက်ဆိုင်ရာ၏ အတည်ပြုချက်ရယူလိုက်ပြီဖြစ်သည်။

စင်ကာပူနိုင်ငံ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ စာရွက်စာတန်းများပါ အချက်အလက်များအရ ယင်းအထပ် မြင့်တိုက်ကြီးသည် အထပ်ပေါင်း ၆၃ ထပ်ရှိမည်ဖြစ်ကာ၊ အမြင့် ၃၀၅ မီတာရှိမည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိ စင်ကာပူတွင် အမြင့်ဆုံးဖြစ်သည့် ၂၈၄ မီတာအမြင့်ရှိ Guoco Tower ထက်မြင့်ပြီး စင်ကာပူတွင် အမြင့်ဆုံး အဆောက်အအုံကြီးဖြစ်လာမည်ဖြစ်သည်။

Ref: Singapore’s tallest skyscraper to be built by Alibaba and local partners


LEAVE A REPLY

Please enter your comment!
Please enter your name here