ပေလိုစီက ထိုင်ဝမ်အား ချီးကျူးဂုဏ်ပြု၊အာရှခရီးစဉ်သည် ဒေသတွင်း လက်ရှိအနေအထားကို ပြောင်းလဲရန် မဟုတ်ဟုဆို

0
145

ပေလိုစီက ထိုင်ဝမ်အား ချီးကျူးဂုဏ်ပြု၊အာရှခရီးစဉ်သည် ဒေသတွင်း လက်ရှိအနေအထားကို ပြောင်းလဲရန် မဟုတ်ဟုဆို


တိုကျို၊ ဩဂုတ် ၅ ရက်

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီက ဩဂုတ်လ ၅ ရက် သောကြာနေ့တွင် ထိုင်ဝမ်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး တရုတ်အား ဒေါသ ပြင်းပြင်းထန်ထန် ထွက်စေခဲ့သည့် ၎င်း၏ အာရှတလွှားခရီးစဉ်သည် ထိုင်ဝမ်၏ ဒေသတွင်းလက်ရှိ အနေအထားကို ပြောင်းလဲစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပေလိုစီနှင့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် အာရှခရီးစဉ်၏ နောက်ဆုံးအနေဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

“ကျွန်မတို့ ကိုယ်စားလှယ်အဖွဲ့ အာရှကို လာရောက်လည်ပတ်တာဟာ ထိုင်ဝမ် ဒါမှမဟုတ် ဒေသတွင်းမှာ ရှိနေတဲ့ လက်ရှိအနေအထားကို ပြောင်းလဲဖို့ မဟုတ်ဘူးဆိုတာ အစကတည်းက ပြောထားပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပေလိုစီက ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့် ကျွန်မတို့၏ ခင်မင်ရင်းနှီးမှု ခိုင်မာနေသည်ဟူသော အချက်ကို တရုတ်အစိုးရကမ ကျေနပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ရှိ ပါတီနှစ်ရပ်လုံးကလည်း ထိုင်ဝမ်၏ ငြိမ်းချမ်းရေးနှင့် လက်ရှိအနေအထားကိုများစွာမှအားပေးထောက်ခံနေသည်ဟု ၎င်းကဆိုသည်။

ပေလိုစီသည် ထိုင်ဝမ်၏ ဒီမိုကရေစီရေး၊ စီးပွားရေး အောင်မြင်မှုများအပြင် လိင်တူလက်ထပ်ခွင့်ကို အာရှတွင် ပထမဆုံးခွင့်ပြုခဲ့သည့် ထိုင်ဝမ်အစိုးရအား ချီးကျူးခဲ့သည်။

ပေလိုစီ ထိုင်ဝမ်မှ ထွက်ခွာပြီးနောက် ကြာသာပတေးနေ့တွင် စတင်ခဲ့သည် စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်နိုင်ငံက ပြုလုပ်ခဲ့သည့် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး တနင်္ဂနွေနေ့တွင် ပြီးဆုံးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်က ပစ်လွှတ်လိုက်သော ဒုံးကျည် ကိုးစင်းအနက် ငါးစင်းသည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားဇုန် အတွင်းကျရောက်ခဲ့သဖြင့် ၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ ဂျပန်က သံတမန်ရေးအရ ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here