ထိုင်ဝမ်ခရီးစဉ်အပြီး တရုတ်ကပေလိုစီအားဒဏ်ခတ်ပိတ်ဆို့

0
101

ထိုင်ဝမ်ခရီးစဉ်အပြီး တရုတ်ကပေလိုစီအားဒဏ်ခတ်ပိတ်ဆို့

တရုတ်နိုင်ငံသည် ယခုတစ်ပတ်အစောပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ကျွန်းသို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ‌ပေလိုစီလာရောက်ပြီးနောက် သူနှင့်သူ၏မိသားစုအပေါ် သတ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ပေလိုစီသည် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို လျစ်လျူရှုကာခရီးစဉ်ကိုနောက်မဆုတ်ဘဲ တရုတ်၏သတိ‌‌ပေးမှုကိုပြတ်ပြတ်သားသားဆန့်ကျင်ခဲ့သည်ဟု‌ သောကြာနေ့ကထုတ်ပြန်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

တရုတ်ကလည်းထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ် တောင်းဆိုထားပြီး ထိုင်ဝမ်၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိအမှတ်ပြုရန်ဆန့်ကျင်ခဲ့သည်။ပေလိုစီအပေါ် ပိတ်ဆို့အရေးယူမှုများ၏အသေးစိတ်များကို ထုတ်ပြန်ခြင်းမရှိသော်လည်း ယခုလိုလုပ်ခြင်းသည် သဘာဝပင်ဖြစ်သည်။

တရုတ်နိုင်ငံက ပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်အား တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိခိုက်စေသည့် ရန်စသည့် လုပ်ရပ်အဖြစ်ရှုံ့ချခဲ့ပြီး ရာသီဥတုပြောင်းလဲမှု၊စစ်ရေးပြဿနာ၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့ရေးကိစ္စအပါအဝင်သီးခြားအစီအစဥ်ရှစ်ခုတွင် အမေရိကန်နှင့်ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ရန်ကြိုးပမ်းခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်ကပြုလုပ်သည့် ထိုင်ဝမ်ရေပြင်အနီးရှိ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကိုလည်း တနင်္ဂနွေနေ့အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟုကြေငြာထားသည်။

ပေလိုစီသည် ၂၅ နှစ်အတွင်း ထိုင်ဝမ်သို့လာရောက်လည်ပတ်သည့် အမေရိကန်၏ အဆင့်အမြင့်ဆုံးအရာရှိတစ်ဦးဖြစ်သည်။ကြာသပတေးနေ့ကလည်း အိမ်ဖြူတော်က ထိုင်ဝမ်အပေါ် ပြင်းထန်သောလုပ်ရပ်များကိုရှုံ့ချရန် တရုတ်သံအမတ် Qin Gang အားဆင့်ခေါ်ခဲ့ပြီး အမေရိကန်သည်လည်းဒေသတွင်းအကျပ်အတည်းကို မလိုလားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Source – Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here