အစ္စရေးကိုပါလက်စတိုင်းကဒုံးပျံများဖြင့်ပစ်ခတ်

0
107

အစ္စရေးကိုပါလက်စတိုင်းကဒုံးပျံများဖြင့်ပစ်ခတ်


ဂါဇာ၊ သြဂုတ် ၅ ရ က်

ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်လှုပ်ရှားမှု၏ အကြီးတန်းတပ်မှူးတစ်ဦးအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာရှိ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့က ဩဂုတ်လ ၅ ရက် သောကြာနေ့တွင် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးပျံအများအပြားဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အစ္စရေးအာဏာပိုင်များက ညဘက်တွင် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၌ ဒုံးပျံဖြင့်တိုက်ခိုက်မှုများကို သတိပေးရန်အတွက် အချက်ပေးဥဩဆွဲခဲ့သည်ဟု ဆိုသည်။

အစ္စရေး၏ စီးပွားရေးအချက်အချာမြို့တော် တဲလဗီ ရှိ မျက်မြင်သက်သေများက ပေါက်ကွဲသံများကို ကြားခဲ့ရသော်လည်း ဥသြသံများကိုမူ မကြားရကြောင်း ပြောကြားခဲ့သည်။

ဂါဇာရှိ အဆိုပါ လက်နက်ကိုင်အဖွဲ့က တဲလဗီမြို့ အပါအဝင် အစ္စရေးမြို့များသို့ သောကြာနေ့က ဒုံးပျံတစ်ရာကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့တိုက်ခိုက်ခံရမှုအတွင်း အသေအပျောက်သတင်းများ မရှိခဲ့ကြောင်း အစ္စရေးလူနာတင်ယာဉ်ဝန်ဆောင်မှုအဖွဲ့က ပြောကြားခဲ့သည်။

 

ယင်းကဲ့သို့ အပြန်အလှန်ပစ်ခတ်မှုများသည် ၂၀၂၁ ခုနှစ် မေလတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ၁၁ ရက်ကြာ စစ်ပွဲအပြီး တစ်နှစ်ကျော်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂါဇာမြို့တွင် အစ္စလမ္မစ်လှုပ်ရှားမှုကို ဦးဆောင်နေသော အဆိုပါ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့သည်လည်း ဟားမတ်စ်အဖွဲ့နှင့် တူညီသော အတွေးအခေါ်ရှိကြောင်း သိရသည်။

ပါလက်စတိုင်းကိုလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ရာအီလ် လာပိဒ်က ကျွန်ုပ်တို့၏ တိုက်ခိုက်မှုသည် ဂါဇာရှိပြည်သူများကိုမဟုတ်ဘဲ အစ္စရေးနိုင်ငံကို ဖျက်ဆီးပြီး အပြစ်မဲ့ အစ္စရေးများကို ရန်လိုနေသော အီရန်ရှိ အကြမ်းဖက်သမားများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Reuters

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here