ပေလိုစီ တောင်ကိုရီးယား၌ပြောကြားခဲ့သည်များကို မြောက်ကိုရီးယားက ရှုတ်ချ

0
199

ပေလိုစီ တောင်ကိုရီးယား၌ပြောကြားခဲ့သည်များကို မြောက်ကိုရီးယားက ရှုတ်ချ

ဆိုးလ်၊ ဩဂုတ် ၆ ရက်

မြောက်ကိုရီးယားသည် ယခုတပတ်အတွင်း နန်စီပေလိုစီ တောင်ကိုရီးယားသို့ သွားရောက်လည်ပတ်စဉ် မြောက်ကိုရီးယားအပေါ် ပြုလုပ်မည့် ဟန့်တားမှုများကို ထောက်ခံအားပေးခဲ့မှုနှင့် ပတ်သက်၍ ရှုတ်ချကြောင်း ဩဂုတ်လ ၆ ရက် စနေနေ့တွင် ပြောကြားခဲ့သည်။

နန်စီပေလိုစီနှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဌ ကင်မ်ဂျင်ပြို တို့သည် မြောက်ကိုရီယားအပေါ် ပြင်းထန်သော ဟန့်တားမှုများ ဆက်လက်ပြုလုပ်သွားရန် နှင့် နျူကလီးယားကင်းစင်ရေးအကြိုးပမ်းရာတွင် နိုင်ငံအချင်းအချင်း ပံ့ပိုးကူညီရန် သြဂုတ် ၄ ရက် ကြာသပတေးနေ့တွင် ကတိပြုခဲ့ကြသည်။

ပေလိုစီ၏ ပြောကြားချက်များသည် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများမြင့်တက်လာစေရန် အမေရိက က ပြုလုပ်သော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ပြောကြားခဲ့သည်။

KCNA က ပေလိုစီသည် မြောက်ကိုရီးယားနှင့် ပတ်သက်၍ အမေရိက၏ ရန်လိုသော မူဝါဒအား တရားမျှတကြောင်း ပြသရန်နှင့် အမေရိက၏ လက်နက်များ တိုးချဲ့တည်ဆောက်မှုကို ထောက်ခံအားပေးရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အဆိုးရွားဆုံး ဖျက်စီးသူ ပေလိုစီဟာ သူရဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်ပြည်သူတွေကို အမျက်ဒေါသထွက်စေခဲ့ပါတယ်” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဂျိုယောင်ဆမ်ကို ကိုးကား၍ KCNA က ထုတ်ပြန်ခဲ့သည်။

ပေလိုစီ သွားရောက်သည့်နေရာတိုင်းမှာ ဖြစ်ပေါ်လာသည့် ပြဿနာအားလုံးအတွက် အမေရိကသည် အကြီးအကျယ် ပေးဆပ်ရလိမ့်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ် ပထမခြောက်လအတွင်း နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ လျှို့ဝှက်အစီရင်ခံစာ၏ ကောက်နုတ်ချက်တစ်ခုအရ သိရသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here