ပေါင်မြို့နယ်ရှိ ဆွမ်းလောင်းဇရပ်တစ်ခုအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား

0
247

ပေါင်မြို့နယ်ရှိ ဆွမ်းလောင်းဇရပ်တစ်ခုအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ကတွန်ကျေးရွာ ကားလမ်းမကြီးဘေးရှိ ဆွမ်းလောင်းဇရပ်တစ်ခုအနီးတွင် သြဂုတ် ၆ ရက်(ယနေ့)နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းလောင်းဇရပ်သည် အဂ္ဂိဇိနံ ဗုဒ္ဓမဟာ မဂ်လံ စေတီမုဒ်ဦးအနီး၌ကပ်လျက်ရှိပြီး ဆွမ်းလောင်းဇရပ် အောက်ခြေအုတ်ခုံတွင် ထောင်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဥ်ကြောင့် လူနှင့်အဆောက်အဦး ထိခိုက်ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးရာ ပိုက်အပိုင်းအစများ၊သံဘောစေ့များ၊ပင်နယံများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-ဝရဇိန်(ပေါင်)

 


LEAVE A REPLY

Please enter your comment!
Please enter your name here