ပြည်မြို့တွင် ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် PDF အဖွဲ့ဝင် ၆ ဦးအား မိဘများထံပြန်လည်အပ်နှံပေးခဲ့

0
312

ပြည်မြို့တွင် ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် PDF အဖွဲ့ဝင် ၆ ဦးအား မိဘများထံပြန်လည်အပ်နှံပေးခဲ့

ပဲခူးတိုင်း၊ပြည်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမတွင် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် PDF အဖွဲ့ဝင် ၆ ဦးအား သြဂုတ် ၆ ရက်က မိဘများထံပြန် လည်အပ်နှံပေးခဲ့သည်။

ထိုသို့ ပြန်လည်အပ်နှံရာတွင် တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေဆိုင်ရာပုဒ်မများအား ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြည်မြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့သည်။

အလားတူ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၆ ဦးအား တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

“တံခါးကျယ်ကျယ်ဖွင့်ထားပါတယ် ရဲရဲပဲလျှောက်လှမ်းခဲ့ကြပါလို့မေတ္တာရပ်ခံလိုပါတယ် တောထဲမှာ မိမိတို့ရဲ့အနာဂတ်ကို အဆုံးရှုံးခံပြီးနေမလား အသိတရားကပ်ပြီးတော့ အရင်လိုအေးချမ်းမယ်ဆိုတဲ့မူကိုလက်ကိုင်ထားပြီးတော့ ကမ်းမဲ့လက်ကိုလှမ်းချင်သလားဆိုတာကတော့ ရွေးချယ်ဆုံးဖြတ်နိုင်ရမှာဖြစ်ပါတယ်”ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၈ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားထားသည်။

နစက မှ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here