Sunday, December 22, 2024

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ...

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက်...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊...

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့်...

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့်...

မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်ပြင်ဆင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ကပ်လှူပူဇော်ရာ၌ စေတီတော်၏ ငှက် ပျောဖူးတော်တွင် ၉ လက်မပတ်လည် (၁)ကျပ်သား ရွှေစင်ရွှေ့ပြား(၁၇၂)ချပ်၊...
HomeInternationalတရုတ်၏တာဝန်မဲ့ ဆက်ဆံရေးဖြတ်တောက်မှု ကန်နိုင်ငံခြားရေးဝန်ကြီးရှုံ့ချ

တရုတ်၏တာဝန်မဲ့ ဆက်ဆံရေးဖြတ်တောက်မှု ကန်နိုင်ငံခြားရေးဝန်ကြီးရှုံ့ချ

တရုတ်၏တာဝန်မဲ့ ဆက်ဆံရေးဖြတ်တောက်မှု ကန်နိုင်ငံခြားရေးဝန်ကြီးရှုံ့ချ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်အ‌နေဖြင့် ဝါရှင်တန်နှင့် အဓိကဆက်သွယ်ရေးလမ်းကြောင်းများကို ရပ်တန့်လိုက်ခြင်းသည် တာဝန်မဲ့သည့်လုပ်ရပ်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ထိုင်ဝမ်အပေါ် ပေကျင်း၏ လက်တုံ့ပြန်သည့် လုပ်ရပ်မှာလည်း တရုတ်သည် ငြိမ်းချမ်းစွာ အဖြေရှာရန်ဦးစားပေးလုပ်ဆောင်ခြင်းမှ အင်အားသုံးအနိုင်ယူခြင်းသို့ ပြောင်းလဲလိုခြင်းကို ပြသခဲ့ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်အနီးအကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုများပြုလုပ်နေချိန်တွင် ကန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေး၊မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၊နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနှင့် ရာသီဥတုဖောက်ပြန်မှု အပါအဝင် အဓိက နယ်ပယ်ရှစ်ခု၌ နှစ်နိုင်ငံလုပ်ငန်းစဉ်များကို တစ်ဖက်သတ်ရပ်တန့်ကာ လက်တုံ့ပြန်မှုသည် အမေရိကကိုသာမက ကမ္ဘာကိုပါထိခိုက်စေမည့် လှုပ်ရှားမှုဖြစ်ကြောင်း ဘလင်ကန်က မနီလာတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ရာသီဥတုပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်တာဟာ အမေရိကန်တစ်နိုင်ငံတည်းမဟုတ်ပဲ တစ်ကမ္ဘာလုံးကိုထိခိုက်စေတဲ့လုပ်ရပ်ပါ။အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေပေါ့။နှစ်နိုင်ငံကြားသဘောထားကွဲလွဲမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ အလေးထားရမဲ့ကိစ္စတွေကို ဓားစာခံအဖြစ်မခံသင့်ပါဘူး” ဟု ၎င်းကဆိုခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကို အတူကိုင်တွယ်ဖြေရှင်းခြင်းသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးဖြစ်သည့် စူပါပါဝါကြီးနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ အဓိကနယ်ပယ်တစ်ခုဖြစ်သည်။

မကြာသေးမီရက်အတွင်း ထိုင်ဝမ်တဝိုက်၌ တရုတ်နိုင်ငံ၏ လုပ်ရပ်များနှင့်ပတ်သက်၍ မဟာမိတ်များထံမှ စိုးရိမ်ပူပန်မှုများကို ကြားသိနေရကြောင်း ဘလင်ကန်ကပြောကြားသော်လည်း အခြေအနေကိုကိုင်တွယ်ဖြေရှင်းရာတွင်မူ ဝါရှင်တန်အနေဖြင့်တည်ငြိမ်နေရမည်ဖြစ်သည်ဟုဆိုသည်။

ထို့ပြင် အမေရိကန်အနေဖြင့် တရုတ်နှင့်ဆက်သွယ်ရေးလမ်းကြောင်းကို မူလအစီစဉ်အတိုင်းထားရှိကာ အထင်မြင်လွဲမှားမှုမဖြစ်စေလိုကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့သည်။

“နားလည်မှုလွဲခြင်းကြောင့် ပဋိပက္ခတွေတိုးမြင့်လာတာကို ရှောင်ရှားနိုင်ဖို့ရည်ရွယ်ချက်နဲ့ တရုတ်နိုင်ငံနဲ့ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း‌တွေကို ဖွင့်ထားပါမယ်” ဟု ဘလင်ကန်ကဆိုသည်။သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကမူ ဘလင်ကန်သည် တရုတ်နှင့် ပတ်သက်၍ “မမှန်မကန်ပြောနေခြင်းသာ” ဖြစ်သည်ဟု စနေနေ့ကစွပ်စွဲခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ အမေရိကကို ကမောက်ကမတွေ မလုပ်ပါနဲ့၊ ပိုကြီးတဲ့ပြဿနာအကျပ်အတည်း‌ တွေကိုမဖန်တီးပါနဲ့လို့ သတိပေးချင်ပါတယ်” ဟုသာ ဝမ်ကတုံ့ပြန်ပြောကြားခဲ့သည်။

Source – Aljazeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ထွက်ခွာကြရန် ကယ်‌ဆယ်ရေးအဖွဲ့များ ထပ်မံသတိပေး

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက် စင်းခန်း သို့မဟုတ် ရွှေကူမြို့လောက်ထိ ရေလမ်းထွက်လို့ရနေတုန်းမို့ ထွက်ထားကြပါရန် ထပ်ကာ ထပ်ကာ ဆော်ဩနေပါတယ်။ အသက်အန္တရာယ်အရေးကြီးနေချိန်မို့ အခြားအရာအားလုံးထက် ပထမဦးစား‌ပေးစဉ်းစားပေးကြဖို့ တိုက်တွန်းပါရစေ။" ဟု ဆိုသည်။ ယမန်နေ့က စင်းခန်းကျေးရွာသို့ ရောက်ရှိနေသော ဒေသခံစစ်ရှောင် (၃၀) ကျော်အား သွားရောက်ကယ်ထုတ်လာသည့် ဒေသတွင်း ပူးပေါင်းကူညီကယ်ဆယ်ရေးအဖွဲ့ ယာဉ်(၃)စီးသည် ယနေ့ မန္တလေးမြို့သို့ ထပ်မံ...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြား

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၂၁)ရက် နံနက်(၁၀)နာရီ အချိန်၌ ရှမ်း/တောင် မိုင်းပန်မြို့တွင် ပြုလုပ်သည့် ဒေသန္တရအုပ်ချုပ်ရေးသင်တန်းအပတ်စဉ် (၁/၂၄) သင်တန်း ဆင်းပွဲသို့ တက်ရောက်စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသန္တရအုပ်ချုပ်ရေးသင်တန်း ပထမအသုတ် အနေဖြင့် ယခုလ ဒီဇင်ဘာ (၄)ရက်မှ ဒီဇင်ဘာ(၂၀)ရက်အထိ (၂) ပတ်ကျော်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းအား RCSS/SSA ၏...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင် သုံးသပ်

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေများမှာ ဒီဇင်ဘာ (၂၅)ရက် (၂၆) ရက်တို့တွင် အဆုံးသတ်တော့မည်ဖြစ်ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ "တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံအရှေ့တောင်ဘက်က INVEST-98W နဲ့ INVEST-99W တို့သည်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှ INVEST-91B သည်လည်းကောင်း ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးမုန်တိုင်းဖြစ်နိုင်ချေများအဖြစ် အစပျိုးခဲ့ပြီး ၎င်းတို့အားလုံး ဒီဇင်ဘာ (၂၅) ရက်ကျော်လျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071