ထပ်မံ​သေဆုံးသူရှိလာသည့်ထိုင်းနိုက်ကလပ်မီးလောင်မှုတွင်​နောက်​ဖေး​ပေါက်ပိတ်ထား​သည့်အ​ကြောင်းမှာ ပိုက်ဆံမ​ပေးဘဲထွက်​လေ့ရှိသည့်ဖောက်သည်များ​ကြောင့်ဟုဆို

0
188

ထပ်မံ​သေဆုံးသူရှိလာသည့်ထိုင်းနိုက်ကလပ်မီးလောင်မှုတွင်​နောက်​ဖေး​ပေါက်ပိတ်ထား​သည့်အ​ကြောင်းမှာ ပိုက်ဆံမ​ပေးဘဲထွက်​လေ့ရှိသည့်ဖောက်သည်များ​ကြောင့်ဟုဆို

ဘန်ကောက်၊ဩဂုတ် ၆

ထိုင်းနိုက်ကလပ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ စနေနေ့ (သြဂုတ် ၆ ရက်)၌ သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှပြောကြားခဲ့သည်။

ဘန်ကောက်မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာရှိ ချွန်ဘူရီပြည်နယ် ဆာတဟစ်ခရိုင်မှ Mountain B nightspot တွင် နံနက် ၁ နာရီဝန်းကျင်က အဆိုပါမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ကယ်ဆယ်ရေးအဖွဲ့၏ပြောကြားချက်အရ စနေနေ့တွင် နောက်ထပ်တစ်ဦးသေဆုံးကာ သေဆုံးသူ စုစုပေါင်း ၁၅ ဦးရှိပြီဖြစ်သည်ဟုသိရှိရသည်။

အခြားသေဆုံးသူများဖြစ်သည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားဆယ်ဦးတို့၏ရုပ်အလောင်းများကို ဝင်ပေါက်နှင့် ရေချိုးခန်းနေရာများတွင်တွေ့ရှိရပြီး ရုပ်အလောင်းများမှာမီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိထားကြသည်ဟုဆိုသည်။အဆိုပါသေဆုံးသူများသည် အသက် ၁၇ မှ ၄၉ အထိအရွယ်များဖြစ်ကြကာ အားလုံးသည် ထိုင်းလူမျိုးဖြစ်မည်ဟု ယူဆရကြောင်းဆိုသည်။

သေဆုံးသူများ၏ ဆွေမျိုးအချို့သည် ရင်ခွဲစစ်ဆေးမှုများအပြီးတွင် ရုပ်အလောင်းများကိုထုတ်ယူရန် ဘန်ကောက်သို့သွားရောက်ခဲ့ကြသည်။

ကလပ်နံရံရှိ မီးလောင်လွယ်သော အသံ လုံရေမြှုပ်များသည် မီးလောင်မှုကိုပိုပြင်းထန်စေကာ သုံးနာရီကျော်ကြာမှ မီးသတ်သမားများ မီးထိန်းနိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့က သောကြာနေ့က ပြောခဲ့သည်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယခုဖြစ်ရပ်ဆိုးကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး မီးလောင်ချိန်တွင် နိုက်ကလပ်ရှိ တံခါးအချို့မှာပိတ်ထားသည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်းသိရှိရသည်။

ထိုမီး​လောင်မူနှင့်ပတ်သက်၍
ဆိုင်အဆိုတော်တစ်ဦးက ဖောက်သည်တွေ ပိုက်ဆံမပေးဘဲ ထွက်သွားမှာစိုးတဲ့အတွက်အရက်ဆိုင်က နောက်ပေါက်တံခါး ၂ ခုကို အမြဲပိတ်ထားတတ်တယ် ဟုဆိုသည်။

အသက် ၂၄ နှစ်ရှိ Thanapat ‘Peach’ Puangpae က “ဂီတပညာရှင်တွေ ဝင်လာပြီးချိန်​မှာနောက်​ဖေး​ပေါက်ကို သော့ခတ်ခဲ့တယ်၊ ဒီလို အဖြစ်ဆိုးမျိုး ဖြစ်လာလိမ့်မယ်လို့ သူမထင်ခဲ့ဘူး”လို့ ပါ​ပြောထားသည်။

Mountain B အရက်ဆိုင်ပိုင်ရှင်
အသက် ၂၇ နှစ်ရှိ Pongsiri Panprasong ကို လိုင်စင်မဲ့ အရက်ဆိုင်လုပ်ကိုင်ပြီး သေစေခဲ့မှုအတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ပြီးဖမ်းဆီးကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

Source – AFP/gs
-Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here