ရေးမြို့တွင် ဌာနဆိုင်ရာ ရုံးများအနီးနှင့် လမ်းအချို့ကို လမ်းအသုံးပြုခွင့် ကန့်သတ်

0
106

ရေးမြို့တွင် ဌာနဆိုင်ရာ ရုံးများအနီးနှင့် လမ်းအချို့ကို လမ်းအသုံးပြုခွင့် ကန့်သတ်

မွန်ပြည်နယ်၊ ရေးမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် အ နီးပတ်ဝန်းကျင် လမ်းများကို အသုံးပြုခွင့်မပြုကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ဒေသန္တရအမိန့်အရ ရေးမြို့ အထက (၁) ရှေ့ဗိုလ်ချုပ်လမ်းမှ ပြန်/ဆက်ရုံးဘေး ကျုံးပတ်လမ်းအ တွင်း၊ ရဲစခန်းရှေ့ ဗိုလ်ချုပ်ဈေးဘေး ကျုံးပတ်လမ်း အတိုင်း မွန်ဓမ္မာရုံလမ်းအတွင်း ခွင့်ပြုထားသည့် ယာဉ်နှင့် လူမှအပ မည်သည့်ယာဉ်နှင့် လူများဖြတ်သန်းသွား လာခြင်း လုံးဝ (လုံးဝ) မပြုရန် အမိန့်ထုတ် ညွှန်ကြား ထားခြင်း ဖြစ်သည်။

တပလ္လင်နှစ်ဆူ မီးပွိုင့် ဗိုလ်ချုပ်လမ်းမှ မင်းခေါင်လမ်းနှင့် သပြေလမ်းဆုံအတွင်း၊ မင်းခေါင်လမ်းနှင့် သပြေလမ်းဆုံမှ မင်းခေါင်လမ်းနှင့် ရေး – မော်လမြိုင်လမ်းဆုံအတွင်း၊ တပလ္လင်နှစ်ဆူမီးပွိုင့်မှ တနင်္သာရီလမ်း မကြီးအတိုင်း ချင်းတွင်းလမ်းအတွင်း ကိုလည်း ဖြတ် သန်းသွားလာခွင့် လမ်းအသုံးပြုခွင့် မပြုကြောင်းဒေသခံ များထံမှ သိရသည်။

ထို့အပြင် ရေးမြို့နယ် နယ်နမိတ်အတွင်း ည (၈) နာရီမှ မနက်(၄) နာရီအတွင်း ဖြတ်သန်းသွားလာခွင့်မပြုသည့် ညမထွက်ရအမိန့် ပုဒ်မ ၁၈၈ ကိုလည်း သက်တမ်းတိုး ကြေညာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” အဲဒါက အရင်အတိုင်းပဲ။ ဟိုးကတည်းက မပြောင်းလဲဘူး။ ဒါပေမဲ့ နည်းနည်းပိုလာတာက လမ်းတွေ ရုံးနား ပတ်ဝန်းကျင်တွေ နည်းနည်း ကန့်သတ်လိုက်တယ်။ပြီးတော့ ဆိုင်ကယ်စီးခွင့် နဲ့ ပတ်သက်လို့ နည်းနည်း ကန့် သတ်လိုက်တယ်။ ဒါပါပဲ။  (၈) နာရီ ကိစ္စကတော့ အရင်ကတည်းကပဲ။ (၈) နာရီဆိုရင် မဝင်ရတော့ဘူး ” ရေးမြို့ ဒေသခံ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ထို့အပြင် မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းသူ များ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ထည့် သွင်း ကြေညာခဲ့ပြီး အဆိုပါ ဒေသန္တရ အမိန့်ကို ဩဂုတ် လ (၅) ရက်တွင် လိုက်လံကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသန္တရအမိန့်အရ ရေးမြို့နယ်အတွင်း မော် တော်ဆိုင်ကယ်မောင်းနှင်/ စီးနင်းသူများအနေဖြင့်  အ မျိုးသမီးနှစ်ဦးစီးနင်းနိုင်ပြီး အမျိုးသားနှစ်ဦးစီးနင်းခြင်း၊ မော်တော်ဆိုင်ကယ်အား အမျိုးသမီးမှ ရှေ့ကမောင်းနှင်ပြီး၊ နောက်မှ အမျိုးသားလိုက်ပါစီးနင်းခြင်းမပြုရန် တားမြစ်လိုက်ကြောင်း သိရသည်။

ထို့အပြင် မော်တော်ဆိုင်ကယ်ကို လူ (၂) ဦး စီးနင်းမည်ဆိုပါက မောင်းနှင်သူမှာ အမျိုးသား ဖြစ်ပြီး အနောက်မှ လိုက်ပါစီးနင်းသူမှာ အမျိုးသမီး ဖြစ်ရမည်ဖြစ်ပီး အမျိုးသား ဖြစ်ပါက တစ်ဦးတည်းသာ စီးနင်းခွင့်ပြုကြောင်း ဒေသန္တရ အမိန့်တွင် ဖော်ပြ ပါရှိသည်။

 

 

 

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here