ညစ်ညမ်းပုံ ရိုက်ကူးထုတ်လုပ်နေမူအားထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီးတရားစွဲ
ထိုင်းနိုင်ငံ ချွန်ဘူရီ ပြည်နယ်ရှိ ဇိမ်ခံ ဗီလာတစ်ခု၏ရေကူးကန်ဘေးတွင် ညစ်ညမ်းအပြာကားရိုက်ကူးရေးတစ်ခုကိုထိုင်း ဆိုက်ဘာရဲတပ်ဖွဲ့က သောကြာနေ့ညနေပိုင်းက ဝင်ရောက်စီးနင်းခဲ့သည်။
တရုတ်နိုင်ငံသား မစ္စတာလီ အပါအဝင်၊Aj-ong အမည်ရှိ ထိုင်းဘာသာပြန်တစ်ဦးနှင့် သရုပ်ဆောင်နှစ်ဦးပါဝင်သည့် လူလေးဦးကို ည ၁၁ နာရီတွင် ဖမ်းဆီးခဲ့သည်။
အမျိုးသားသရုပ်ဆောင်က တစ်ရက်လျှင် ဘတ် ၆၀၀၀ ၊မိန်းခလေးသရုပ်ဆောင်က တရက်လျှင် ဘတ် ၂၀၀၀၀ ရယူပြီးတရုတ်ဝက်ဘ်ဆိုက် တစ်ခုအတွက် ကြာသပတေးနေ့ကတည်းက ညစ်ညမ်းအပြာကားများကို ရိုက်ကူးနေခြင်းဖြစ်သည်။
ထိုလေးဦးအား ညစ်ညမ်း အပြာကားရိုက်ကူးထုတ်လုပ်မှုဖြင့် တရားစွဲထားသည်။
Source: Khaosod