မြန်အောင်မြို့တွင် ကွမ်းယာရောင်းသည့် အမျိုး သမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
284

မြန်အောင်မြို့တွင် ကွမ်းယာရောင်းသည့် အမျိုး သမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊ကညင်ငူကျေး ရွာနေ ကွမ်းယာနှင့်ကားလတ်မှတ်များရောင်းချသည့် မသန္တာသည် သြဂုတ် ၆ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

အမည်မသိအမျိုးသားများက ကွမ်းယာဆိုင်သို့ရောက်ရှိလာပြီးနောက် မသန္တာ အားသေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မသန္တာ ၏နဖူးနှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် အင်ပင်မြို့တိုက်နယ်ဆေးရုံကို ဆေးကုသမှုခံယူရန်ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မသန္တာ သည်လုံခြုံရေးအဖွဲ့ဝင်များအား သတင်း ပေးခြင်း၊ကျေးရွာရှိ ဆန္ဒပြသူများအား လုံခြုံရေးအဖွဲ့ဝင်များထံသတင်းပေး၍ ဖမ်းဆီးစေခြင်းများပြုလုပ်ခဲ့သဖြင့် နဂါးနီတော်လှန်ရေးအဖွဲ့နှင့်ရိုးမဧရာဝတီ(PDF)အဖွဲ့တို့ပူးပေါင်း၍ ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here